အဆိုတော်လွှမ်းပိုင်နဲ့ Bobby Soxerတို့စုံတွဲ ချစ်သူသက်တမ်း (၁၃)နှစ်ကျော်အကြာမှာ လမ်းခွဲ
အဆိုတော် လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ Rap သီချင်းတွေကို သီဆိုကြတဲ့ အဆိုတော်စုံတွဲလေးပဲဖြစ်ပါတယ်။လွှမ်းပိုင်နဲ့ Bobby Soxer တို့ဟာ ချစ်သူတွေအဖြစ် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတူတူလက်တွဲလာခဲ့ကြပြီး သမီးရည်းစားဆိုတာထက် သူငယ်ချင်း၊ မောင်နှမ၊ လုပ်ဖော်ကိုင်ဖက်လို သံယောဇဉ်တွေနဲ့ ချည်နှောင်ထားကြတာပဲဖြစ်ပါတယ်။
ပရိသတ်တွေကလည်း လွှမ်းပိုင်နဲ့ Bobby Soxer တို့ ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ ရွှေလက်တွဲလက်ထပ်ကြဖို့ကို မျှော်လင့်နေကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့်ယခုအခါမှာတော့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ဟာ လမ်းခွဲပြတ်ဆဲလိုက်ပြီဖြစ်တဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။
လွှမ်းပိုင်နဲ့ Bobby Soxerက”ကျွန်တော်တို့အသိပေးကြေငြာစရာလေးတစ်ခုရှိလို့ပါ။ကျွန်တော်နဲ့ထက်တို့ ၂ဦးသဘောတူ လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းလေးကို ပြောပြချင်လို့ပါ ထွေထွေထူးထူး ပြဿနာမျိုးတွေထက် ဘဝရဲ့ဦးစားပေးရတဲ့အရာတွေ ရွေးချယ်ရမဲ့အချိန်မှာ အဖြေတွေမတူခဲ့လို့ပါလို့ပဲ ရှင်းပြပါရစေ
ဘယ်သူဘက်ကမှ မှန်တယ် မှားတယ်ဆိုတဲ့ အကြောင်းရင်းတွေလည်း မရှိတာမို့လို့လည်း တကယ်ကို တယောက်အပေါ်တယောက် အမုန်းတရားမရှိတဲ့ လမ်းခွဲမှုတခုပါ။တစ်ခုပဲတောင်းဆိုချင်တာကလေ အခုချိန်အားလုံးမှာလည်း အခက်ခဲကိုယ်စီ ပူဆွေးမှုကိုယ်စီမို့ ဒီကိစ္စကို အကျယ်အကျယ်တွေ မချဲ့ဖို့လေးပါပဲ သာမာန်အတွဲတွေလိုပဲ ကြိုးစားဖြတ်သန်းနေရင်းကွဲကွာသွားကြတယ်လို့ပဲ မြင်ပေးစေချင်ပါတယ်
တကယ်အလေးအနက်ပြောတာပါ အထူးသဖြင့် ထင်ရာကောက်ချက်ချပြီးလိုရာဆွဲရေးတဲ့ သို့လောသို့လောသတင်းတွေကြောင့် မလိုအပ်ပဲ တယောက်အပေါ် တယောက် ထိခိုက်နစ်နာစေလိုစိတ်မရှိတာမို့ ချဲ့ကားမရေးပဲ ဒီတိုင်းလေးပဲ အသိပေးတဲ့စာလေးလို့ပဲ မြင်ပေးပါလို့ ကျွန်တော်တို့ တောင်းဆိုတာလေးကို နားလည်ပေးနိုင်မယ်လို့လည်းမျှော်လင့်ပါတယ် ဗျာ”ဆိုပြီးတော့ နှစ်ယောက်စလုံးရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ပြောလာပါတယ်။
လွှမ်းပိုင်နဲ့ Bobby Soxerတို့ကတော့ (၂၀၀၉)ခုနှစ်ကတည်းက စတင်ခဲ့တဲ့ သူတို့ရဲ့အချစ်ရေးကို (၁၃)နှစ်ကျော်အကြာမှာတော့ အဆုံးသတ်လိုက်ပြီပဲ ဖြစ်ပါတယ်။ပရိသတ်တွေကတော့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ လမ်းခွဲခဲ့တဲ့သတင်းနဲ့ပတ်သတ်ပြီး စိတ်မကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။
Be the first to comment