မိဘဆိုတာ တံမြက်စည်းမဟုတ်ပါဘူးကွယ် အလွယ်တကူမစွန့်ပစ်မိစေနဲ့နော်

မိဘဆိုတာ တံမြက်စည်းမဟုတ်ပါဘူးကွယ် အလွယ်တကူမစွန့်ပစ်မိစေနဲ့နော်

သားသမီး(၁၀)ယောက်ကို ရှာဖွေကျွေးမွေးခဲ့တဲ့အချိန်မှာ ပင်ပန်းဆင်းရဲတယ်ဆိုပြီး အမေ မငိုခဲ့ပါဘူးကွယ်…။အခုလို အိုမင်းမစွမ်းဖြစ်တဲ့အချိန်မှာသားသမီးတွေရဲ့စွန့်ပစ်မှုကို ခံလိုက်ရတော့ အမေ ငိုနေရပါပြီ။သားသမီးတွေ ရှေ့ရေးအတွက် နိမ့်ကျတဲ့အလုပ်တွေကို လုပ်ခဲ့ရတုန်းက အမေ မငိုခဲ့ပါဘူးကွယ်..။ခုလို သားသမီးအရင်းတွေက စွန့်ပစ်သွားတဲ့ အမေ့ကို ဘာမှမတော်စပ်တဲ့ သားသမီးအရွယ်လေးတွေက ထမင်းကျွေးတဲ့အခါ အမေ ငိုနေရပါပြီ…။

သား သမီးတွေအတွက် အလုပ်လုပ်ရင်း သူတစ်ပါးနှိမ့်ချ ပြောဆို အော်ငေါက်ခံရလို့ အမေ မငိုခဲ့ပါဘူး သားသမီးတွေ အမေ့ကို ပြန်အော်ငေါက်တဲ့အခါမှာတော့ အမေ ငိုနေရပါပြီ…။သားသမီးတွေရဲ့ဘဝကို အမေ့ရဲ့မေတ္တာတွေနဲ့ အေးမြစေခဲ့ပြီး နွေးထွေးလုံခြုံမှုတွေပေးနိုင်တဲ့အချိန်မှာ ငြူဆူပြီး အမေ မငိုခဲ့ပါဘူးကွယ်…။အမေ အိုမင်းမစွမ်းတဲ့အချိန်မှာတော့ သား သမီးတွေရဲ့ မေတ္တာနွေးထွေးမှုမပြောနဲ့ အပေါ်ယံအနွေးထည် အင်္ကျီလေးတစ်ထည်တောင် မရတော့ဘဲစွန့်ပစ်ခြင်းခံရတဲ့အချိန်မှာတော့ အမေ ငိုနေရပါပြီကွယ်…။

သားတို့သမီးတို့ရေ တံမြက်စည်းဆိုတာ အမှိုက်တွေကို ရှင်းလင်းဖယ်ရှားပေးပြီး သန့်စင်စေခဲ့ပေမယ့် အဲဒီတံမြက်စည်းလေး အိုဟောင်းလို့ အသုံးမဝင်တဲ့အချိန်မှာတော့ သူကိုယ်တိုင် အမှိုက်ဘဝကို ပြန်လည်ရောက်ရှိသွားပြီး စွန့်ပစ်ခံရပါတယ်….။မိဘဆိုတာလည်း သားသမီးတွေရဲ့ဘဝမှာ တိုးတက်လမ်းပိတ်စေမယ့် အမှိုက်တွေကို ရှင်းလင်းဖယ်ရှားပေးပြီး သားသမီးတွေရဲ့ ဘဝခရီးကို သန့်စင်အောင်စွမ်းဆောင်ပေးခဲ့သူပါပဲ..။

ဒါပေမဲ့မိဘဆိုတာ တံမြက်စည်း မဟုတ်ပါဘူးကွယ် အိုမင်းမစွမ်းလို့ အသုံးမဝင်တဲ့အခါမှာ အမှိုက်တစ်ခုလိုသဘောထားပြီး အလွယ်တစ်ကူ မစွန့်ပစ်မိကြပါစေနဲ။မိဘတွေက ကိုယ့်သားသမီးတွေအပေါ်မှာ အပြစ်မယူဘဲ နားလည်ခွင့်လွှတ်နိုင်ပေမဲ့ ငါ့သားတို့ ငါ့သမီးတို့ကိုယ်တိုင်တစ်နေ့မှာ..အဲဒီတံမြက်စည်းနေရာ ပြန်ရောက်သွားမှာ စိုးရိမ်မိလို့ပါကွယ်….။

Be the first to comment

Leave a comment

Your email address will not be published.


*