အနုပညာကိုငွေမက်လို့လုပ်တာမဟုတ်ပဲ ချစ်လို့လုပ်တာဆိုတဲ့ နှစ်ပေါင်း(၄၀)သက်တမ်းရှိ ဝါရင့်အက်ရှင်မင်းသားကြီး စိုင်းသီဟ

အနုပညာသက်တမ်း အနှစ်(၄၀)ရှိပြီး အနုပညာကိုငွေမက်လို့လုပ်တာမဟုတ်ပဲ ချစ်လို့လုပ်တာဆိုတဲ့ ဝါရင့်အက်ရှင်မင်းသားကြီး စိုင်းသီဟ

ပရိသတ်ကြီးတို့ရေ အက်ရှင် သရုပ်ဆောင်မင်းသား စိုင်းသီဟကတော့ အနုပညာလောကမှာ ဆယ်စုနှစ်များစွာတိုင် ကျင်လည်ခဲ့ပြီး အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တို့ရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာ၊အပြည့်အဝရရှိထားတဲ့သူပါ။

ချစ်ပရိသတ်ကြီးရေ အနုပညာလောမှာ အက်ရှင်မင်းသား၊လူကြမ်းသရုပ်ဆောင်တွေကလဲ အရေးပါတဲ့နေရာမှာ ပါဝင်ပါတယ်နော်။တကယ်တော့ ဇာတ်လမ်းတွေထဲက အက်ရှင်၊လူကြမ်းတစ်ယောက်က အပြင်မှာတော့ နူးညံ့လွန်းတဲ့နှလုံးသားကို ပိုင်ဆိုင်ထားကြပါတယ်။

အခုအခါမှာလည်း ဝါသနာပါလွန်းလှတဲ့ အနုပညာလောကမှာ အသက်(၂၃)နှစ်အရွယ်လောက်ထဲက စတင်ဝင်ရောက်ကျင်လည်နေခဲ့တဲ့ အက်ရှင်မင်းသားကြီး စိုင်းသီဟက သူဖြတ်သန်းကျင်လည်ခဲ့ရတဲ့ အနုပညာလမ်းတလျောက် ကြုံတွေ့ခဲ့ရပုံကို အခုလိုမျိုး မျှဝေလာခဲ့တာပါ။”အနုပညာသက်တမ်း အနှစ်(၄၀)ကျော်ပါပြီ အကိုတို့ဘဝတွေက ကြမ်းတမ်းတယ် ချမ်းသာလို့အနုပညာအလုပ်ကို လုပ်ခဲ့တာမဟုတ်ဘူး အနုပညာအရမ်းလုပ်ချင်လို့ ရန်ကုန်ကို မရမကလာပြီး လုပ်ခဲ့တာ အရမ်းဝါသနာကြီးတော့ ဒါပဲ တစ်စိုက်မတ်မတ်လုပ်ခဲ့တယ်။

ဘဝမှာ ဝမ်းနည်းရဆုံးချိန်က အကို အသေအလဲ သရုပ်ဆောင်ထားတဲ့ ရုပ်ကဒ်တွေကိုဖျက်ပြီး ရုပ်ရှင်ကားတဲ့မထည့်ပဲ ဖယ်ခဲ့တယ် အကိုတို့ဘဝက အခုလိုပါဖို့အတွက် အသေအလဲ လေ့ကျင့်ရတယ် ဒဏ်ရာတွေရတယ် ဒါပေမယ့် အဲ့အခန်းတွေမပါပဲ ဖြုတ်ခဲ့တယ် အဲ့ဒါကို သိလိုက်ရချိန်မှာ စိတ်မကောင်း မျက်ရည်ကျရတဲ့အထိ ဖြစ်ခဲ့တယ်။

အကို အနုပညာအလုပ်လုပ်ခဲ့တယ်ဆိုတာက ပိုက်ဆံမက်လို့လုပ်တာမဟုတ်ဘူး အနုပညာကိုချစ်လို့လုပ်ခဲ့တာ…အနုပညာသက်တမ်း အနှစ်(၄၀)ကျော်ပါပြီ ပရိသတ်တွေက တွေ့ရင် ကိုစိုင်းသီဟကို ကြိုက်တယ်၊ ကိုစိုင်းသီဟရဲ့ အက်ရှင်တွေ ဖိုက်တင်တွေကို အရမ်းသဘောကျတယ် ဆိုပြီး ပြောကြတော့ လောကကြီးကို ပေးဆပ်ရကျိုးနပ်ပြီဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် နည်းနည်းလေးတော့ ကျေနပ်မိပါတယ်။

အခုလည်း အနုပညာအလုပ်တွေ မလုပ်တော့ဘူးဆိုပြီး နားချင်နေတာ၊ အခုတောင် သူ(ဟန်ဇာ)က မနားပါနဲ့ဦး အစ်ကိုရယ် ပြောလို့ပြန်လုပ်ဖြစ်ခဲ့တယ်။သီချင်းဆိုပြီး စိတ်ကူးပေါက်ရင်လည်း ကဗျာတွေရေးတတ်ပေမဲ့ အက်ရှင်နဲ့သာပရိသတ်တွေက ရင်းနှီးကြတယ်”ဆိုပြီးတော့ ဝါရင့်အက်ရှင် မင်းသားကြီး စိုင်းသီဟက ပြောကြားလာခဲ့တာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*