ဘေးအန္တရာယ်ကင်းစေဖို့တွက် ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္ကုမာရာဘိဝံသ မိန့်ကြားတော်မူတဲ့ သိဒ္ဓိပေါက် ဘုရားဂုဏ်တော်
ပရိသတ်ကြီးတို့ရေ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသရဲ့ ၂၀၂၃ ခုနှစ်အတွက် နှစ်သစ်ကူးဩဝါဒကထာကို မိန့်ကြားတော်မူခဲ့ခြင်းဖြစ်ပါတယ်။နှစ်သစ်ကူးမင်္ဂလာရှိ၍ ရောဂါတို့မှပျောက်ကင်းစေရန်အလို့ငှာ သိဒ္ဓိပေါက် ဘုရားဂုဏ်တော်(၁၃)ပါး ဂါထာတော်အား ဩဝါဒကထာအဖြစ် မိန့်ကြားတော်မူခဲ့တာပဲဖြစ်ပါတယ်။
“သိဒ္ဓိပေါက် ဘုရားဂုဏ်တော်(၁၃)ပါး
အရဟံ ဗဟိအန္တဇယံ သုဂတံ
အမိတံ ဝိရဇံ လလိတံ အတုလံ။
စရဏံ တိဘဝူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။
(၁) အရဟံ-ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို၊ အဟံ-တပည့်တော်သည်၊ ပဏမာမိ-ရှိခိုးပါ၏
(၂) ဗဟိအန္တဇယံ-အတွင်းအပရန်ကို အောင်မြင်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၃) သုဂတံ-ကောင်းသောစကားကို ဆိုတော်မူသောမြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၄) အမိတံ-မနှိုင်းယှဉ်နိုင်သော တန်ခိုးရှိတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၅) ဝိရဇံ-ကိလေသာမြူ ကင်းတော်မူသော မြတ် စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၆) လလိတံ-တင့်တယ် သပ္ပာယ်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၇) အတုလံ-အတုမရှိသော မြတ်စွာ ဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၈) စရဏံ-အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၉) တိဘဝူပသမံ-ဘုံသုံးပါး၌ ကိလေသာမြူ ငြိမ်းအေးတော်မူသော မြတ်စွာဘုရားကို၊ ပဏမာ မိ-ရှိခိုးပါ၏၊
(၁၀) ယမကံ-ရေမီးအစုံ တံခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ -ရှိခိုး ပါ၏၊
(၁၁) သုခဒံ-ချမ်းသာအဝဝကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၁၂) သရဏံ-ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၁၃) ဇိနံ-မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
ဘုရားဂုဏ်တော်ပွားများသောသူသည် အစစ ဆောင်ရွက်သမျှကိစ္စတွေ ပြီးမြောက်သည်။သိဒ္ဓိ ပေါက်တန်ခိုးရရှိပေသည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူများအားလုံးနီးပါး ဘုရားရှင်၏တန်ခိုးတော်ကြောင့် ကိုဗစ်(၁၉)ရောဂါ ကမ္ဘာမှာ အနည်းဆုံးလောက် ကင်းရှင်းကြပေသည်။
လူတိုင်းရွတ်ဖတ်ပွားများကြလျှင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ လုံးဝပျောက်ကွယ်သွားမည်ဟု ယုံကြည်ပါသည်။သို့အတွက် နှစ်သစ်ကူးမင်္ဂလာရှိ၍ ရောဂါဆိုးတို့မှ ပျောက်ကင်းသွားအောင် လူတိုင်းလူတိုင်း ဤသိဒ္ဓိပေါက်ဂါထာကို ရွတ်ဖတ်ကြပါ”ဟု ဗန်းမော်ဆရာတော်ကြီးမှ နှစ်သစ်ကူးသြဝါဒကထာ၌ တိုက်တွန်းနှိုးဆော်ခဲ့သည်။
Be the first to comment