အကယ်ဒမီ ထက်ထက်မိုးဦးကြောင့် ငရုပ်ကျည်ပွေ့နဲ့တောင် အထုခံခဲ့ရဖူးတယ်ဆိုတဲ့ ဇေရဲထက်
ပရိသတ်ကြီးတို့ရေ မင်းသားချော ဇေရဲထက်ကတော့ အမိုက်စား သရုပ်ဆောင်ကွက်တွေနဲ့အတူ အမျိုးမျိုးသော ဇာတ်ကောင်တွေမှာ မတူညီတဲ့ သရုပ်ဆောင်မှုများနဲ့ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်ကြီးတွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာအပြည့် အဝရရှိထားပါတယ်နော်။
အခုတစ်ခါမှာဆိုရင်တော့ မင်းသားချော ဇေရဲထက်က အကယ်ဒမီ သရုပ်ဆောင် ထက်ထက်မိုးဦးကြောင့် သူရဲ့ဘဝမှာ ထမင်းအိုးလည်း တူးခဲ့ဖူးသလို ငရုပ်ကျည်ပွေ့နဲ့လည်း အထုခံရဖူးတယ် ဆိုပြီးတော့ အခုလိုပြန်လည်ပြောပြလာခဲ့ပါတယ်။
မင်းသားချောဇေရဲထက်က “မထက် ကြော်ငြာကြောင့် ထမင်းအိုးလည်း တူးခဲ့ဖူးတယ်၊ ငရုတ်ကျည်ပွေ့နဲ့လည်း အထုခံခဲ့ရဖူးတယ်၊ ည(၉)နာရီခွဲဆို မထက် ကြော်ငြာ ထိုင်ကြည့်ရတာ အမော၊ မထက်ကို ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့ရတယ်၊ အရမ်းလဲအားပေးခဲ့တယ်၊
အခုလိုမျိုးစုံရတော့ ပိုပြီးဝမ်းသာရတာပေါ့ ဆိုပြီးတော့ ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။သရုပ်ဆောင် မင်းသားချော ဇေရဲထက်ကို ချစ်ခင်ကြတဲ့ ပရိတ်သတ်ကြီးတို့အတွက်ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ်နော်။
Be the first to comment