ပိုးကြာကို အားမနာပဲ အိပ်ယာပေါ်ကို အားနဲ့ဆောင့်ဆွဲခေါ်ပြီး တကယ်နမ်းခဲ့တယ်ဆိုတဲ့ ရှင်မွေလ
ပရိသတ်ကြီးတို့ရေ သရုပ်ဆောင် မင်းသားချော ရှင်မွေလကတော့ ယခုလက်ရှိ MRTV_4မှာ ထုတ်လွင့်ပြသလျှက်ရှိတဲ့ လယ်တွင်းသားစောချစ်ရဲ့ ‘တစ်ခုလပ်ပေမဲ့ကွက်လပ်မရှိ’ ဝတ္ထုကို ရိုက်ကူးပုံဖော်ထားတဲ့
‘ကွက်လပ်မရှိ’ ဇာတ်လမ်းတွဲထဲမှာ သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် မင်သမီး ပိုးကြာဖြူခင်နဲ့ တွဲဖက်ရိုက်ကူးထားတာဖြစ်ပြီး ပိုးကြာဖြူခင်နဲ့ ပတ်သတ်လို့ အမှတ်တရများစွာကို အခုလိုပဲပြောပြလာခဲ့ပါတယ်နော်။
‘ကွက်လပ်မရှိ’ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သတ်ပြီး ရှင်မွေလက “ပိုးကြာဖြူခင်နဲ့က အရမ်းကိုခင်ကြတဲ့ သူငယ်ချင်းတွေဆိုတော့ အားနာစရာမလိုဘူး။နမ်းတဲ့အခန်းဆိုရင်လည်း တကယ်နမ်းလိုက်တယ်။
ပိုးကြာကို အားမနာတမ်း နမ်းခဲ့တယ် မင်္ဂလာဦးညအခန်း ရိုက်တုန်းကဆိုရင်လည်း အိပ်ယာပေါ်ကို အားနဲ့ဆောင့်ဆွဲလိုက်တာပဲ” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်။ပရိသတ်ကြီးတို့လည်း ဇာတ်လမ်းကောင်းတခုဖြစ်တဲ့ “ကွက်လပ်မရှိ”ဇာတ်လမ်းတွဲလေးကို စောင်ကြည့်အားပေးကြပါအုံးနော်။
Be the first to comment