ရည်းစားဟောင်းကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ထိတောင် တွေးမိခဲ့တယ်ဆိုတဲ့ ခိုင်သဇင်ငုဝါ

ရည်းစားဟောင်းက လက်ပါတဲ့အထိ ဖြစ်တာတွေကြုံခဲ့ရတော့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ထိတောင် တွေးမိခဲ့တယ်ဆိုတဲ့ ခိုင်သဇင်ငုဝါ

ပရိသတ်ကြီးတို့ရေ မော်ဒယ်လ်၊ သရုပ်ဆောင် ခိုင်သဇင်ငုဝါကတော့ မော်ဒယ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ သူတစ်ယောက်ပါ။

MRTV-4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့“စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲထဲမှာ နွယ်ဝါအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုမိုရရှိခဲ့တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ယခုအခါမှာလည်း အရင်ရည်းစားဖြစ်သူက လက်ပါတဲ့အထိ ဖြစ်တာတွေလည်း ကြုံခဲ့ရတော့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့တောင် တွေးမိခဲ့တယ်ဆိုတဲ့အကြောင်းကို အခုလိုပဲ ပြောပြလာခဲ့တာပါ။

“ညီအစ်မနှစ်ယောက်ထဲမှာ ကိုယ့်တစ်ယောက်ပဲ ဒီလောကမှာ ကျန်တော့ အမေက မင်းသမီးလေး ဖြစ်စေချင်တယ်၊ အနုပညာအလုပ်တွေကို ဖြစ်ဖြစ်မြောက်မြောက်လေး လုပ်စေချင်တယ်။အရင်ရည်စားက ကိုယ့်ကိုခြိမ်းခြောက်ခဲ့တယ်၊ လက်ပါခဲ့တဲ့ဟာတွေရှိတယ်၊ အညိုအမည်းတွေ စွဲကုန်တယ်၊

အဲ့တော့ လူမှုကွန်ယက် အမြဲသုံးနေတဲ့သူဆိုတော့ အညိုအမဲတွေ ဒဏ်ရာတွေက်ို မိဘတွေ မြင်မှာစိုးလို့ ပုံတွေဘာတွေမတင်ပဲ နေခဲ့ရတယ် ကိုယ့်ရဲ့ ဒဏ်ရာတွေ အားငယ်မှုတွေကို အမေမသိအောင် ဖုံးကွယ်ပြီးနေခဲ့ရတယ်၊ ကိုယ့်ဘာသာ သတ်သေချင်ခဲ့ပေမဲ့ ဘယ်လိုမျိုးသေရမလဲ၊ တွေးကြည့်လို့မရဘူး ရေထဲခုန်ချပြီး သေတော့လည်း အလောင်းပြန်ရရင် ပုံပျက်ပန်းပျက်က ဖြစ်ဦးမယ်၊

တခြားဘယ်လိုမျိုး သတ်သေရမလဲပေါ့နော် စိတ်အေးလက်အေးနဲ့ ထွက်ပေါက်ရှာချင်ခဲ့ပေမဲ့ နောက်ဆုံးကြတော့ အဲဒီစိတ်ကြီးကို ငါ့မိဘတွေ ဘယ်လိုခံစားရမလဲဆိုတဲ့ စိတ်ကြီးတစ်ခုနဲ့ပဲ မနည်းကို ပြန်ဖျောက်ခဲ့ရတယ်”ဆိုပြီး ပြောပြလာခဲ့တာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*