နှစ်သစ်မှာ ပြောင်းလဲမှုအသစ်တွေနဲ့ ပြန်လည်ရောက်ရှိလာခဲ့တဲ့ သရုပ်ဆောင်၊အဆိုတော် ထင်အောင်ထွန်း
တချိန်က မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် ချစ်ခင်အားပေးခဲ့ကြရတဲ့ Examplez အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ ထွန်းထွန်းကတော့ ဒီနေ့ဒီအချိန်ထိ အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲပဲ ဖြစ်ပါတယ်။
ထွန်းထွန်းဟာ သူရဲ့ကြိုးစားအားထုတ်မှုနဲ့ ထိုက်တန်တဲ့ အကယ်ဒမီဆုတစ်ဆုကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားပြီး အနုပညာလောကမှာ အောင်မြင်နေတဲ့သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်လျက်ရှိတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ထွန်းထွန်းက သူ့ရဲ့ ပရိသတ်တွေအတွက် (၂၀၂၃)ခုနှစ်ရဲ့ ပထမဦးဆုံး ဓာတ်ပုံကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေပြီး မျှဝေပေးလာခဲ့ပါတယ်။ထွန်းထွန်းက နှစ်သစ်မှာ ဆံပင်အရှည်ကြီးတွေ မုတ်ဆိတ်မွှေးအရှည်တွေနဲ့ အရင်ကနဲ့မတူတော့ပဲ ပြောင်းလဲပြီးခန့်ညားကြည့်ကောင်းနေတာကို အခုလိုပဲ တွေ့မြင်ရပါတယ်။
ထွန်းထွန်းကတော့ (၂၀၂၃)ခုနှစ် နှစ်သစ်မှာ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်ဖို့ အဆင်သင့်ဖြစ်နေပြီပဲ ဖြစ်ပါတယ်နော်။ပရိသတ်ကြီးကလည်း ထွန်းထွန်းရဲ့ အသစ်အသစ်သော ဇာတ်ကားတွေကို စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်။
Be the first to comment