ဆိုးမိုက်ခဲ့တာတွေတွက် နောက်တရနေပြီး ခုချိန်မှာ မိခင်ကြီးကို ရွှေတောင်ချထားချင်တယ်ဆိုတဲ့ အစ္စဏီ

ဆိုးမိုက်ခဲ့တာတွေတွက် နောက်တရနေပြီး ခုချိန်မှာ မိခင်ကြီးကို ရွှေတောင်ချထားချင်တယ်ဆိုတဲ့ အစ္စဏီ

ပရိသတ်ကြီးတို့ရေ သီချင်းအေးအေးလေးတွေကို အသံချိုချိုလေးနဲ့ သီဆိုတတ်တဲ့ အစ္စဏီက အဆိုတော်ကောင်းတစ်ယောက် ဖြစ်တာကြောင့် သူရဲ့သီချင်းတွေက အခုချိန်ထိတိုင် ပရိသတ်တွေရဲ့ကြားမှာ ကျော်ကြားနေဆဲပဲဖြစ်ပါတယ်။အစ္စဏီက သူရဲ့အမှားတစ်ခုကြောင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး မကြာသေးမီကမှ ပြန်လည်လွတ်လာခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုတော် အစ္စဏီက အခုဆို ဘဝအသစ်ကို ပြန်စတင်ရင်း အေးအေးဆေးဆေးနဲ့ အကောင်းဆုံး ဖြတ်သန်းနေထိုင်နေတာဖြစ်ပြီး သူ့ရဲ့ကျေးဇူးရှင် မိခင်ကြီးနဲ့အတူ အလုပ်တွေကို ဝိုင်းကူလုပ်ပေးနေတာပဲ ဖြစ်ပါတယ်နော်။ ပရိသတ်တွေကလည်း အစ္စဏီကို အခုချိန်အထိ ချစ်ခင်အားပေးနေကြဆဲဖြစ်သလို အားပေးစကားတွေနဲ့ ခွန်အားတွေ ပေးလျက်ရှိကြပါတယ်။

အဆိုတော် အစ္စဏီကတော့ အမှု့ကိစ္စတွေကြောင့် ထောင်ကျခဲ့ပြီး ပြန်လွတ်လာခဲ့ချိန်မှာတော့ မိခင်ကြီးရဲ့ မေတ္တာတွေကို ပိုသိလာခဲ့ကာ အမေတစ်ခု သားတစ်ခုဘဝမှာ ငယ်ရွယ်စဥ်က မိခင်ကြီးအပေါ်မှာ ဆိုးခဲ့သမျှတွေကို အရမ်းနောင်တရမိကြောင်း ရင်ဖွင့်လာခဲ့ပါတယ်။

လက်ရှိမှာတော့ အစ္စဏီက အနုပညာအလုပ်တွေ ပြန်လုပ်နေပြီး မိခင်ကြီးအနားမှာပဲ နေနေပါတယ်။”ကျွန်တော့်အမေကို ကျွန်တော့်ကြောင့် နောက်တစ်ခါ မျက်ရည်မကျစေချင်ဘူး၊သူမွေးထားတာ အစ္စဏီတစ်ယောက်တည်း၊ကျွန်တော်က တစ်ဦးတည်းသောသားဆိုတော့

အမေ့ရဲ့ဘဝမှာ ကျွန်တော်ကအရေးကြီးဆုံးဖြစ်သလို၊ကျွန်တော့်ဘဝမှာလည်း အမေက အရေးအကြီးဆုံးပါပဲ အရင်ကထက် အလုပ်တွေကို ပိုကြိုးစားနေပြီး အမေ့ကို စိန်ပေါ်မြတင်ထားကာ တတ်နိုင်ရင် တစ်ကိုယ်လုံးကို ရွှေချထားချင်​တယ်ဆိုပြီး ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*