သမီး(၂)ယောက်ရှိပေမယ့် ထမင်းကို ဆားဖြူးပြီး ရေနှင့်မျှောချကာ အသက်ဆက်နေရတဲ့ (၉၀)နှစ်အရွယ် အမေအိုကြီး
မိဘတို့သည် သားသမီး ဘယ်နှစ်ယောက်ရှိနေပါစေ အကုန်ကျွေးမွေး စောင့်ရှောက်နိုင်သော်လည်းသားသမီးများအလှည့်ကျ မိဘလေးနှစ်ပါးရှိသည်ကို မကျွေးမွေးနိုင် ဖြစ်ကြရသည်။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံ Ca Mauပြည်နယ် Thoi Binhရပ်ကွက်တွင် နေထိုင်သော Dang Thi Ngoi အမည်ရှိတဲ့ အသက်(၉၀)နှစ်အရွယ် အဖွားအိုတစ်ဦးသည် သမီးနှစ်ယောက်ရှိသော်လည်း
အရွယ်ရောက်ပြီး၍ အိမ်ထောင်ကျပြီးနောက် ခင်ပွန်းသည်နောက်လိုက်သွားခဲ့ပြီး သတင်းအစအနမှ မကြားရပဲ ပျောက်ခြင်းမလှ ပျောက်နေလျက်ရှိသည်။မိခင်အိုကြီးမှာ အသက်အရွယ်အားဖြင့် မျက်စိကမှုန် နားကလေးသည့်အပြင် လမ်းလည်းမလျှောက်နိုင်တော့ပါ။
ထို့အပြင် နေ့စဥ်နေ့တိုင်း ထမင်းဖြူကို ဆားဖြူးပြီး ရေနှင့်မနည်းမျိုချနေရသည်။မိခင်အိုကြီးသည် သမီးနှစ်ယောက်ရှိပါလျက်နှင့် ဘာမှမလုပ်နိုင် မကိုင်နိုင်တော့သည့်အရွယ်တွင် ကျွေးမွေးစောင့်ရှောက်ကာ
အနားမှာ ရှိမနေပေးနိုင်ပဲ တစ်ယောက်တည်း အထီးကျန်လွန်းကာလမ်းဘေးခွေးလေးနှစ်ကောင်ကိုသာ အဖော်ပြုပြီး နေထိုင်နေရရှာပြီး အလွန်သနားစရာကောင်းလှပါတယ်။
Be the first to comment