ဘဝတလျောက်လုံး ဆိုးပေခဲ့မိသမျှ အသက်(၃ဝ)ကျမှ အရာရာကို ပြုပြင်နိုင်သွားပြီဆိုတဲ့ အဆိုတော် ဘဝ
ပရိသတ်ကြီးတို့ရေ The Voice Myamar Season(3)မှာ ကိုကျားပေါက်ရဲ့အဖွဲ့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ‘အဆိုတော် ဘဝ’ လို့ပြောလိုက်တာနဲ့ “ရွှေလက်တွဲ”သီချင်းလေးကိုပါ နားထဲကြားယောင်မိနေမှာပါနော်။
The Voice Myanmar Season (3)ရဲ့ ပြိုင်ပွဲဝင် တေးသံရှင် ဘဝကတော့ ပြိုင်ပွဲဝင်နေစဉ်ကာလတလျှောက်လုံး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့ပြီး ယနေ့ထိတိုင်လည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရရှိပိုင်ဆိုင်နေဆဲဘဲ ဖြစ်ပါတယ်နော်။
တေးသံရှင် ဘဝက သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးအယ်လ်ဘမ်ဖြစ်တဲ့ “နတ်ပြည်တတ်မယ်”စီးရီးအခွေကိုလည်း ထုတ်လုပ်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ယခုအခါမှာလည်း တေးသံရှင် အဆိုတော် ဘဝက သူရဲ့ဘဝတလျောက် ဆိုးခဲ့မိသမျှ အသက်(၃ဝ)ကျမှ အရာရာကို ပြုပြင်နိုင်သွားပြီး ဆိုပြီးတော့ အခုလိုပဲ ပြောပြလာခဲ့တာပါ။
“မကောင်းတတ်တဲ့ဘက်ကို အရမ်းလွှမ်းမိုးနေခဲ့ဘူးတယ်။အရက်ကို (၁၅၊ ၁၆)လောက်ကတည်းက သောက်ခဲ့တာပါ။ မကောင်းတဲ့ ဟာတွေ သုံးစွဲပြီး အနုပညာ ဖန်တီးမှုတွေလုပ်မယ်ဆိုရင် ပုံရိပ်ယောင်ပါပဲ၊ ဖန်တီးမှုအစစ် မဖြစ်နိုင်တော့ပါဘူး။
လောကကြီးမှာ ကျွန်တော် မမှားဘူးတဲ့အရာတွေ ဘာမှမရှိခဲ့ပါဘူး။အရက်လည်း ပြတ်သွားပါပြီ (2023) မရောက်ခင်ကတည်းက စိတ်ကို ပြင်ဆင်နေခဲ့တာ ကြာပီ ကြာခဲ့ပီ ခုတော့ အရာရာကို ပြုပြင်နိုင်ခဲ့ပါပြီ” ဆိုပြီးတော့ ပြောပြလာခဲ့တာပါ။
Be the first to comment