ကလေးတွေတွက် စိတ်ထွက်ပေါက်တခုဖြစ်စေခဲ့လို့ အပြစ်မယူပါဘူးဆိုတဲ့ ဝါရင့်သရုပ်ဆောင်ကြီး ခင်မို့မို့အေး

ကလေးတွေတွက် စိတ်ထွက်ပေါက်တခုဖြစ်စေခဲ့လို့ အပြစ်မယူပါဘူးဆိုတဲ့ ဝါရင့်သရုပ်ဆောင် ခင်မို့မို့အေး

လူကြီးရော၊ကလေးပါ တစ်ယောက်မကျန်သိကြတဲ့ ဝါရင့်သရုပ်ဆောင်ကြီး ခင်မို့မို့အေးကတော့ ဇာတ်ကားပေါင်းများစွာမှာ ဗီလိန်နေရာကနေ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့အတွက် ပရိသတ်တွေရဲ့ အချစ်တွေရော အမုန်းတွေကိုပါ တပြိုင်နက်တည်းရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

သူမကတော့ ဗွီဒီယို ဇာတ်ကားတွေအပြင် ရုပ်ရှင်ကားတွေနဲ့ MRTV-4 ဇာတ်လမ်းတွဲတွေကိုပါ လက်ခံရိုက်ကူးနေရတာဘဲ ဖြစ်ပါတယ်။ယခုနောက်ပိုင်းမှာတော့ ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတာနဲ့အမျှ လူငယ်တွေက သူမရဲ့ ဗီလိန်ဇာတ်ဝင်ခန်းတွေထဲက ပုံတွေကို ဟာသအနေနဲ့ ပြုပြင်အသုံးပြုလာကြတာပဲ ဖြစ်ပါတယ်။လူငယ်တွေက မကောင်းတာတခုခုလုပ်မိရင်”ငါတော့ ခင်မို့မို့အေး ဖြစ်ပြီ” လို့ပြောတတ်ကြပါသေးတယ်။

အဲ့ဒီလို အကြောင်းအရာနဲ့ ပတ်သတ်ပြီး သူမကအင်တာဗျူးတစ်ခုမှာ အခုလိုမျိုး ပြောခဲ့ဘူးပါသေးတယ်။facebook commentတွေ ဝင်ကြည့်လိုက်ရင် တီတီပုံနဲ့ နာမည်တွေ ကြည့်ပဲတွေ့နေတယ်။တီတီပုံကို အမျိုးမျိုးသော စာတွေနဲ့ လုပ်ပြီးတင်ကြတယ်။အရင်ကတော့ တီတီလည်း စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတာပေါ့။

အခုတော့လည်း သူတို့ကြိုက်တာ၊ စိတ်ချမ်းသာသလိုလုပ်ကြပါစေ၊ စိတ်ထွက်ပေါက်ဖြစ်ပါစေလို့ပဲ သဘောထားလိုက်ပါတယ် တီတီပုံတွေကို မသုံးပါနဲ့လို့တော့ မတားချင်ပါဘူး ဒါပေမဲ့ တော်ရုံပဲ သုံးကြပါလို့ ပြောပါရစေ”ဆိုပြီးပြောခဲ့ဖူးတာပါ။

ဒါပေမဲ့လည်း အခုအခါမှာတော့ သရုပ်ဆောင် ခင်မို့မို့အေးက “ကလေးတွေက ဒီလိုဟာလေးတွေ တင်ပြနိုင်ဖို့ရှာဖွေရ စကားလုံးလေးတွေ ရွေးရဆိုတော့ တီတို့အတွက်နဲ့ အလုပ်လေးတွေ များလှပါတယ်။သားတို့ သမီးတို့က ပျော်ရွှင်မှုလေးတွေပေးကြတာမို့ အားလုံးပြုံးပြုံးရွှင်ရွှင် ရှိကြပါစေလို့ ဆုတောင်းပေးပါတယ်။

တီတီက သူတို့လေးတွေ စိတ်ထွက်ပေါက်ရအောင်လုပ်ထားလို့ အပြစ်မယူပါဘူး ကိုယ့်ကိုကိုယ်ကြည့်ပြီးတော့ ဟယ် ငါ့နှုတ်ခမ်းကြီး ထော်လန်နေတာပဲဆိုပြီး ရယ်ရပါတယ်” ဆိုပြီးတော့ သူမရဲ့ခံစားချက်ကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*