သီချင်းအသစ်တွေဖန်တီးနေပြီမို့ ပရိသတ်တွေကို အားပေးကြပါအုံးလို့ဆိုလာတဲ့ အဆိုတော် လွှမ်းပိုင်
အဆိုတော်လွှမ်းပိုင်ကတော့အမိုက်စား အသံပါဝါတွေနဲ့အတူ ပရိသတ်များကို ဆွဲဆောင်ထားပြီး အကောင်းဆုံးသော တေးသီချင်းများကို ဖျော်ဖြေတင်ဆက်ထားပြီး ပရိတ်သတ်များရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာအပြည့်အဝ ရရှိထားတဲ့ အဆိုတော်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်နော်။
အဆိုတော်လွှမ်းပိုင်က ယခုအချိန်ကာလတွေမှာဆိုရင်တော့ ဇာတ်လမ်းတွဲများရိုက်ကူးရင်း၊ ကြော်ငြာရိုက်ကူးရင်း၊ အလှဓာတ်ပုံများရိုက်ကူးရင်းနဲ့ ဘဝကို အေးအေးချမ်းချမ်း သာသာယာယာ ဖြတ်သန်းလျက်ရှိပါတယ်။
အခုတစ်ခါမှာဆိုရင် အဆိုတော်လွှမ်းပိုင်က ပရိသတ်တွေ နားထောင်ဖို့ သီချင်းအသစ်တွေကို ဖန်တီးနေတဲ့အကြောင်းကို သူ့ရဲ့ Instagram Storyမှာ ရေးသားမျှဝေဖော်ပြထားတာပဲဖြစ်ပါတယ်။စာဖတ်ပရိသတ်ကြီးတို့အတွက် ပြန်လည်ကူးယူမျှဝေ တင်ဆက်ပေးလိုက်ရပါတယ်နော်။
Be the first to comment