စာရေးဆရာအကြည်တော်ဟာ (၆)ရက်ခန့်လောက်သတိလစ်ပြီးနောက်သတိပြန်လည်လာပြီဟုဆို….

စာရေးဆရာအကြည်တော်ဟာ (၆)ရက်ခန့်လောက်သတိလစ်ပြီးနောက်သတိပြန်လည်လာပြီဟုဆို….

ပရိသတ်ကြီးရေ ဟာသစာပေတွေကို အဓိကထား ရေးသားတဲ့ နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်တဲ့ အကြည်တော်လို့ဆိုလို့ရင် မသိသူမရှိလောက်အောင် နာမည်ကြီးလှပါတယ်။ အကြည်တော် ရဲ့ ဝတ္ထုတွေဟာ ထူးခြားကောင်းမွန်းလွန်းတာကြောင့် ရုပ်ရှင်ဇာတ်ကားတွေအဖြစ် ပြန်လည်ရိုက်ကူး ပုံဖော်ခဲ့ကြပါတယ်။ အကြည်တော်ဟာ အခုချိန်ထိ အိမ်ထောင်မပြုသေးဘဲ လူပျိုကြီးအဖြစ်နေထိုင်နေပြီး လူ့မှုကွန်ယက်ပေါ်ကနေ ဟာသစာပေလေးတွေ ရေးသားနေတာကြောင့် ပရိသတ်တွေအမောပြေကြရပါတယ်။

စာရေးဆရာအကြည်တော်ရဲ့ ကျန်းမာရေးအခြေအနေသတင်းကြောင့် အနုပညာရှင်တွေနဲ့ ချစ်တဲ့ပရိသတ်တွေ စိတ်မကောင်းဖြစ်နေကြရပါတယ်။ ယနေ့မှာတော့ စာရေးဆရာအကြည်တော်မျက်လုံးပြန်ဖွင့်နိုင်ပြီးသတိပြန်လည်လာပြီဟုဆိုပါတယ်။ စာရေးဆရာအကြည်တော် မကျန်းမာတဲ့အတွက်ဆေးကုသမှုခံယူနေရပြီးအောက်တိုဘာလ(၂၀)ရက်နေ့လည်ပိုင်းမှာတော့ မျက်လုံးပြန်ဖွင့်လာနိုင်ပြီး သတိပြန်လည်လာတယ်လို့

ဆရာအကြည်တော်နှင့်ညီအစ်ကိုတော်စပ်သူ ပန်းချီကိုဆန်းက ပြောပြပါတယ်၊၊ ဆရာအကြည်တော်ဟာ သတိလစ်နေတာ(၆)ရက်ခန့်ရှိခဲ့ပြီဖြစ်ပြီး အောက်တိုဘာလ(၂၀)ရက်မှာတော့ မျက်လုံးလေးတွေပြန်ဖွင့်လာပြီးလိုက်ကြည့်နေတယ် လို့ဆိုပါတယ်၊၊ စာရေးဆရာအကြည်တော်ရဲ့ အောက်တိုဘာလ ( ၂၀)ရက် နေ့လည်ပိုင်းအချိန်အထိ အခြေအနေကို ဆရာအကြည်တော်နှင့်ညီအစ်ကိုတော်စပ်သူ ပန်းချီကိုဆန်းက အခုလိုပြောပြပါတယ်၊၊

“တိုးတက်လာတယ်၊၊သူနည်းနည်းလိုက်ကြည့်နေတယ်၊၊သိတော့ တအားကြီးတော့မသိသေးဘူး၊၊ မနေ့ကထက်စာရင် ပိုပြီးတော့ သူစကားပြောတဲ့လူတွေဘက်ကိုလိုက်ပြီးကြည့်နေတယ်၊၊ပြန်လည်းပြောချင်တဲ့သဘောရှိတယ်၊၊မျက်လုံးဖွင့်လာပြီးတော့ ဒီဘက်ကိုကြည့်ဆိုလိုက်ကြည့်နေတယ် ဟိုဘက်ကိုကြည့်ဆိုရင်လိုက်ကြည့်နေတယ် ဦးနှောက်က တော့ အလုပ်လုပ်နေတယ်၊၊သတိကတော့မဝင်သေးဘူး၊၊ဦးနှောက်ကတော့အလုပ်လုပ်နေတယ်၊၊

အရင်ရက်တွေက မျက်လုံးဖွင့်ရင်မျက်ဖြူလန်သလိုဖြစ်တယ် အခုတော့ လူတွေကိုလိုက်ကြည့်နေတယ်၊၊တိုးတော့တိုးတက်လာတယ် သိလားလို့မေးရင် မျက်တောင်ခတ်ပြတယ်”လို့ ဆရာအကြည်တော်နှင့်ညီအစ်ကိုတော်စပ်သူ ပန်းချီကိုဆန်းက ပြောပြပါတယ်၊၊ ဆရာအကြည်တော်ဟာ လည်ချောင်း၊လည်ပြွန်နဲ့ပတ်သက်သည့် ကင်ဆာဝေဒနာကို ထိုင်းနိုင်ငံမှာ သွားရောက်ကုသခဲ့ကာ ကျန်းမာရေးပြန်ကောင်းခဲ့ပြီးကင်ဆာဆေးသွင်းရန်

မြန်မာနိုင်ငံကိုပြန်လာချိန်မှာ ရုတ်တရတ်အသက်ရူမဝဘဲ (၁၀)မိနစ်နှလုံးခဏရပ်တန့်သွားခဲ့လို့ ပင်လုံဆေးရုံကြီးကိုပို့ဆောင် ကုသနေတာဖြစ်ပြီး အောက်တိုဘာလ(၂၀)ရက်နေ့လည်ပိုင်းမှာတော့ မျက်လုံးပြန်ဖွင့်လာနိုင်ပြီး သတိပြန်လည်လာတယ်လို့သိရပါတယ်၊၊ စာရေးဆရာအကြည်တော် အမြန်ဆုံးပြန်လည်ကျန်းမာကောင်းမွန်ပါစေလို့ ဆုတောင်းမေတ္တာပေးပို့ပါအုံးနော်။

Be the first to comment

Leave a comment

Your email address will not be published.


*