အဖိုးဖြစ်သူရဲ့စျာပနမှာ သူများနဲ့မတူအောင်၀တ်ခဲ့မိလို့ ဝေဖန်မှုတွေမြင့်တက်နေတဲ့ ဘလိတ်
ပရိသတ်ကြီးတို့ရေ ဘလိတ်လို့ လူအများကသိကြတဲ့ သရုပ်ဆောင် နေထွဋ်ကတော့ MRTV Entertainment ရဲ့”ဟိုတုန်းက ကက်ဆက်ဇာတ်လမ်းများ” အစီအစဉ်မှာ ပါဝင်သရုပ်ဆောင်ရင်း လူသိများလာခဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်။
သူရဲ့ချစ်လှစွာသော အသက်(၉၀)နှစ်အရွယ် အဖိုးကတော့ မနေ့ကပဲ ဆုံးပါးသွားခဲ့တာဖြစ်ပြီး ဝမ်းနည်းကြောင်း သူရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။
“ဒီကနေ့ ကျွန်တော် မပြုံးနိုင်တော့ဘူး R.I.P အဘိုးရေ ကောင်းရာသုဂတိလားပါစေ အဘိုးရေ” ဆိုပြီးတော့ နာရေးဓာတ်ပုံများနဲ့အတူ ရေးသားမျှဝေထားတာပါ။
ထိုဈာပနအခမ်းအနား တက်ရောက်ခဲ့သူအားလုံးက အနောက်တိုင်းဆန်ဆန် အနက်ရောင်တွေ ဝတ်ထားခဲ့ပြီး ဓာတ်ပုံဆရာရဲ့ ဓာတ်ပုံရိုက်ချက်တွေကလဲ ကောင်းမွန်လွန်းတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရတာပဲဖြစ်ပါတယ်။
Be the first to comment