(၅၃)နှစ်လုံး မျှစ်ရောင်းပြီးဝမ်းကျောင်းခဲ့ရတဲ့ (၆၈)နှစ်အရွယ် အဖွားကို ထောက်ပံ့ကူညီခဲ့တဲ့ ခင်ဝင့်ဝါ
ချစ်ပရိတ်သတ်ကြီးတို့ရေ မော်ဒယ်လ်၊သရုပ်ဆောင်ခင်ဝင့်ဝါလေးကတော့ အောင်မြင်မှု့တွေနဲ့အတူ သူမရဲ့စိတ်ရင်းခံ စိတ်သဘောထားလေးကလဲ အလွန်ကောင်းသူလေးပဲ ဖြစ်ပါတယ်နော်။
ယနေ့အခါမှာတော့ ခင်ဝင့်ဝါလေးက “အသက်(၁၅)နှစ် အရွယ်ကတည်းက လမ်းဘေးမှာ မျစ်တွေခြစ်ပြီး ဝမ်းစာအတွက် စျေးရောင်းနေရတဲ့ အဖွားဒေါ်ကြည်ဝင်းထံကို ကိုယ်တိုင်သွားရောက်ပြီး ကူညီထောက်ပံ့ပေးခဲ့တာပဲ ဖြစ်ပါတယ်။
အဖွားဒေါ်ကြည်ဝင်းဟာ မျှစ်တွေခြစ်ရလွန်းလို့ လက်တွေမှာ အနာတွေဗလပွဖြစ်ခဲ့ရတယ် ဆီးချိုသွေးချိုရောဂါရှိလို့ ခြေချောင်းလေးတစ်ခု ဖြတ်ထားရပါသေးတယ် အရမ်းခက်ခဲနေတဲ့ အဖွားမို့ သွားရောက်ကူညီပေးကြပါ”လို့ပြောလာခဲ့တာပဲဖြစ်ပါတယ်နော်။
Be the first to comment