အနုပညာလောကထဲ ပြန်ဝင်လာတဲ့ ဟေမာန်အောင်အောင်တွက် အလုပ်တွေချိတ်ဆက်ပေးခဲ့တဲ့ ဒေါင်းဝေ

အနုပညာလောကထဲ ပြန်ဝင်လာတဲ့ ဟေမာန်အောင်အောင်တွက် အလုပ်တွေချိတ်ဆက်ပေးခဲ့တဲ့ ဒေါင်းဝေ

တချိန်က ဝါရင့်သရုပ်ဆောင်ကြီး မြင်စိုင်းသားအောင်အောင်ရဲ့ သမီးဖြစ်သူ ဟေမာန်အောင်အောင်ကတော့ ဖခင်ဖြစ်သူရဲ့ခြေရာကိုနင်းပြီး သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားတွေရိုက်ကူးခဲ့ရာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အထိုက်အလျောက်ရရှိခဲ့တာပဲဖြစ်ပါတယ်။

အိမ်ထောင်ကျပြီး အနုပညာအလုပ်တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့ ဟေမာန်အောင်အောင်က အခုဆိုရင် အနုပညာလောကထဲကို တကျော့ပြန်ဝင်လာခဲ့ပြီဖြစ်ပြီး သူငယ်ချင်းဖြစ်တဲ့ သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ ဒေါင်းဝေနဲ့အတူ ပထမဆုံး ကြော်ငြာလေးကို ရိုက်ကူးနေလျက်ရှိတာပဲဖြစ်ပါတယ်။

ဒေါင်းဝေကလည်း အနုပညာလောကထဲကို တဖန်ပြန်ဝင်ရောက်လာတဲ့ သူငယ်ချင်း ဟေမာန်အောင်အောင်ကို သူ့အနေနဲ့တတ်နိုင်သလောက် ကူညီဖေးမဖြစ်ကြောင်းကို “ဒီနေ့ကြော်ငြာလေးတစ်ခု လာအပ်သွားတယ် လုပ်ငန်းရှင်ကို ပြောပြတဲ့အခါ သူ့ကို သဘောကျပါတယ်ပြောလို့ သူငယ်ချင်းနဲ့ပဲ ထပ်ရိုက်ပါမယ်။

အနုပညာအလုပ်ပြန်စပီး သူပြန်လုပ်တဲ့အချိန်မှာပဲ သူငယ်ချင်းရဲ့ ပထမဆုံးကြော်ငြာလေး ရိုက်ကူးခွင့် ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အလုပ်ပေးတဲ့လုပ်ငန်းရှင်တွေကို ကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီးတော့ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ မျှဝေပေးလာခဲ့ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*