“အမ ချစ်ဖို့ကောင်းတာ ပိုသိလာတယ်၊ပညာတွေလည်းရတယ်”ဆိုပြီး ခိုင်နှင်းဝေအကြောင်းပြောပြလာတဲ့ ရှင်မွေလ
ပရိသတ်ကြီးတို့ရေ သရုပ်ဆောင် ရှင်မွေလကတော့အမိုက်စား သရုပ်ဆောင်ကွက်တွေနဲ့အတူ အမျိုးမျိုးသော ဇာတ်ကောင်တွေမှာ မတူညီတဲ့ သရုပ်ဆောင်မှုများနဲ့အတူ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာအပြည့်အဝ ရရှိထားပါတယ်နော်။
အခုတစ်ခါမှာဆိုရင်တော့ သရုပ်ဆောင် ရှင်မွေလက သရုပ်ဆောင် ခိုင်နှင်းဝေဟာ အနုပညာလောကရဲ့စီနီယာပီသပြီး လွဲနေလိုနေတာလေးတွေကို ဆွဲခေါ်ပေးခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြန်လည်ပြောလာခဲ့ပါတယ်။
သရုပ်ဆောင် ရှင်မွေလက “အမခိုင်နှင်းဝေနဲ့ အများကြီး ဆုံဖူးပေမယ့် ‘ကွက်လပ်မရှိ’ ဇာတ်လမ်းတွဲမှာ အမနဲ့ ပိုရင်းနှီးသွားတယ်၊ အမ ချစ်ဖို့ကောင်းတာတွေ ပိုသိလာတယ်၊ အမဆီက ပညာတွေလည်းရတယ်၊ အမေသာ ခေါ်ရတာ တကယ်က အမ အရွယ်ပါ
ကျွန်တော် လွဲနေတာလေးတွေကို အမခိုင်နှင်းဝေက ဆွဲခေါ်ပေးတယ်”ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်။စာဖတ်ပရိသတ်ကြီးတို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်နော်။
Be the first to comment