စုထားတဲ့မုန့်ဖိုးလေးနဲ့ ရွှေလက်စွပ်ဝယ်နိုင်သွားပြီဖြစ်လို့ ပျော်ရွှင်နေရှာတဲ့ (ဂျမ်းတော)အေးချမ်းသူလေး

စုထားတဲ့မုန့်ဖိုးလေးနဲ့ ရွှေလက်စွပ်ဝယ်နိုင်သွားပြီဖြစ်လို့ ပျော်ရွှင်နေရှာတဲ့ (ဂျမ်းတော)အေးချမ်းသူလေး

ပရိသတ်ကြီးတို့ရေ သရက်ကင်ဈေးသည်လေး ဂျမ်းတောကိုတော့ မသိတဲ့သူ မရှိပါဘူးနော်။မိဘနဲ့ မောင်နှမတွေအပေါ်မှာ အနစ်နာခံပြီး ဈေးရောင်းကျွေးခဲ့တဲ့ ဂျမ်းတောလေးရဲ့ သိတတ်တဲ့စိတ်တစ်ခုထဲကြောင့် အခုအခါမှာတော့ သူမရဲ့ဘဝလေးဟာ မြင့်မားတိုးတက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

ဂျမ်းတောလေးကို မွေးစားပေးခဲ့တဲ့ မွေးစားမိခင်ဖြစ်သူ မချူးချူးက သူမရဲ့အိမ်ကိုခေါ်ထားပြီး အတန်းပညာသင်ကြားစေပြီး ပြုစုပျိုးထောင်ပေးနေတာပဲ ဖြစ်ပါတယ်။အဖြူရောင် နှလုံးသားပိုင်ရှင် မချူးချူးရဲ့ နွေးထွေးမွန်မြတ်တဲ့ စိတ်ထားလေးကြောင့် ခုချိန်မှာဂျမ်းတောလေးရဲ့ဘဝဟာ အေးချမ်းပျော်ရွှင်နေရပြီပဲ ဖြစ်ပါတယ်။

ဘွဲ့ရ ပညာတတ်ဖြစ်ဖို့ စာကြိုးစားသင်ယူနေသလို၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ ကာရာတေးသင်တန်းကိုလည်း တက်ရောက်နေပီပဲဖြစ်ပါတယ်။ဒါ့အပြင်ဂျမ်းတောလေးကို ချစ်ခင်ကြတဲ့ ပြည်တွင်းကသာမက ပြည်ပက အလှူရှင်တွေကပါ မုန့်ဖိုးတွေပေးကြတယ်လို့ ဆိုပါတယ်။ဒါအပြင် ချစ်တဲ့သူတွေက ကြေည်ငြာလေးတွေအပ်ကြလို့ ရတဲ့ပိုက်ဆံကို

ဂျမ်းတောလေးရဲ့အဖေဖြစ်သူကို ထောက်ပံ့ပေးပြီး ကျန်တာလေးတွေကို စုဘူးလေးနဲ့ စုထားခဲ့တာပါ။ဒါကြောင့် ဂျမ်းတောလေးနဲ့ မွေးစားမေမေတို့ဟာ ရွှေလက်စွပ်လေး ဝယ်နိုင်ဖို့အတွက် ပိုက်ဆံလေးတွေ စုထားကြတယ်လို့ ဆိုပါတယ်။

သူမရဲ့ ကျေးဇူးရှင်တွေနဲ့ ချစ်တဲ့ပရိသတ်တွေကပေးတဲ့ မုန့်ဖိုးလေးတွေနဲ့ ပထမတခါက ရွှေနားကပ်လေး လုပ်ပေးထားတယ်။ အခုတစ်ခေါက်တော့ နှစ်သစ်အစမှာ ရွှေလေးတွေ ဝင်စေချင် ဝတ်စေချင်လို့ လက်စွပ် ဝယ်ဖြစ်တယ်”လို့ ဆိုပါတယ်။ပျော်ရွှင်နေတဲ့ ဂျမ်းတောလေးကိုကြည့်ပြီး ပရိသတ်ကြီးတို့လည်း ဝမ်းသာနေကြလိမ့်မယ်လို့ ထင်ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*