ပျောက်ဆုံးနေတဲ့ ရန်ကုန်ဆောင်းအတွက် အအေးပိုမည့်ရက်များ ခန့်မှန်းပေးထားတဲ့ စုစုစံ

ပျောက်ဆုံးနေတဲ့ ရန်ကုန်ဆောင်းအတွက် အအေးပိုမည့်ရက်များ ခန့်မှန်းပေးထားတဲ့ စုစုစံ

၂၀၂၃၊ဇန်နဝါရီလ၊၁၀ရက်နေ့မှ ၁၄ရက်နေ့အတွင်း အအေးပိုလာပါလိမ့်မယ်။ရန်ကုန်ဆောင်း-၂၀၂၃၊ဇန်နဝါရီလ၊၁၁ရက်နေ့ မနက်ပိုင်း 3:30am to 6:30am အချိန်အတွင်း 17°C အထိ အပူချိန်ကျဆင်ပြီး အေးမြသာယာစေနိုင်ပါတယ်။

တနင်္သာရီမြေမိုး-၂၀၂၃၊ဇန်နဝါရီလ၊၁၁ရက်နေ့မှ ၁၄ရက်နေ့အတွင်း တနင်္သာရီတိုင်းဒေသကြီးမှာ မိုးရွာနိုင်ပြီး ကော့သောင်းခရိုင်မှာ မိုးကြီးနိုင်ပါတယ်။ကျန်တစ်နိုင်လုံးမှာတော့ အေးမြသာယာပါလိမ့်မယ်။ထိုင်းနိုင်ငံရောက် အမျိုးတို့ရေ ၂၀၂၃၊ဇန်နဝါရီလ၊၁၀ရက်နေ့မှ ၁၂ရက်နေ့အတွင်း ထိုင်းပင်လယ်ကွေ့အတွင်း အပျော်ခရီးထွက်ခြင်း၊ငါးဖမ်းထွက်ခြင်းများ မလုပ်သင့်ပါဘူး အန္တရာယ်ရှိပါတယ်။

၂၀၂၃၊ဇန်နဝါရီလ၊၁၁ရက်နေ့နဲ့ ၁၂ရက်နေ့တွေမှာ ကဗ္ဘောဒီးယားနိုင်ငံ တောင်ပိုင်းနှင့် ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်ပါတယ်။ထိုင်းပင်လယ်ကွေ့အတွင်း လှေသင်္ဘောများ သွားလာခြင်း အန္တရာယ်ရှိပါတယ်။

09/01/2023 Hello good everyone မြန်မာတစ်နိုင်ငံလုံးတွင် ရာသီဥတုသာသာယာယာရှိပါမယ်။မိုးရွာသွန်းခြင်း မရှိနိုင်ပါဘူး။နောက်၂ရက်အကြာမှာ တနင်္သာရီတိုင်းမှာ မိုးရွာလာနိုင်တဲ့ အလားအလာရှိပြီး ကျန်တစ်နိုင်ငံလုံးမှာတော့ အေးမြသာယာတဲ့ ရာသီဥတုကိုသာ ရရှိပါလိမ့်မယ်။

Be the first to comment

Leave a comment

Your email address will not be published.


*