လက်ရှိကျန်းမာရေးနဲ့ ခံစားနေရတဲ့ ရောဂါအခြေအနေကို ပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း

လက်ရှိကျန်းမာရေးနဲ့ ခံစားနေရတဲ့ ရောဂါအခြေအနေကို ပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ အဆိုတော်တစ်ယောက်လည်းဖြစ်သလို ဆရာဝန်မလေးတစ်ယောက်ဖြစ်ပြီး ဘက်စုံထူးချွန်သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။နန်းမြတ်ဖြိုးသင်းဟာ လက်ရှိမှာတော့ ဆရာဝန်အလုပ်ထက် အနုပညာအလုပ်တွေကို ဦးစားပေးလုပ်ကိုင်နေလျက်ရှိကာ သားနဲ့သမီးကိုလည်း ပြုစုပျိုးထောင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

နေထိုင်မကောင်းဖြစ်နေတာကြောင့် အနုပညာအလုပ်တွေကို ရပ်နားထားရတဲ့ နန်းမြတ်ဖြိုးသင်းက ဒီကနေ့မှာတော့ သူမရဲ့ကျန်းမာရေးအခြေအနေကို ပြောပြလာခဲ့ပါတယ်။

နန်းမြတ်က”နေမကောင်းတဲ့တလျောက် စားစရာတွေပို့ပေးသူများ ဆရာဝန်အိမ်ပင့်လာတဲ့အမ အွန်လိုင်းကနေကြည့်ပေးတဲ့ သူငယ်ချင်း ဆရာဝန် စိတ်ပူပေးကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးအများကြီး အများကြီးတင်ပါတယ်💖💖💖 ပို့တဲ့စားစရာတွေစားပီး အားမွေးနေကြောင်းပါ😁ပုံကတော့လန့်သွားမှာစိုးလို့ ဝါးထားတာ😁”ဆိုပြီးတော့ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ ဘာအတွက်နေထိုင်မကောင်းဖြစ်တာလဲဆိုတာကိုတော့ မပြောထားပေမယ့် အသက်အန္တရာယ်နဲ့နီးတဲ့ ရောဂါမျိုးတော့မဟုတ်ဘူးလို့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။မေမေနန်းမြတ်တစ်ယောက် အမြန်ဆုံး နေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*