လောကတွင် မကောင်းမှုတွေ မရှိတော့မှ ရေချိုးမည်ဟု သစ္စာဆိုခဲ့သည့် ၆၂ နှစ်ရွယ် အဖိုးအို ယနေ့ထိ Seemore

လောကတွင် မကောင်းမှုတွေ မရှိတော့မှ ရေချိုးမည်ဟု သစ္စာဆိုခဲ့သည့် ၆၂ နှစ်ရွယ် အဖိုးအို ယနေ့ထိ ရေမချိုးရသေး

လောကကြီးကို ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားသာယာလှသော ကမ္ဘာကြီးအဖြစ် မြင်တွေ့လိုသော ဆန္ဒသည် အလွန်လေးစားဖွယ်ရာကောင်းသော မြင့်မြတ်လှသည့်စိတ်ထားပင် ဖြစ်ပါတယ်။

သို့သော် ကမ္ဘာ့နေရာအနှံအပြားတွင် မကောင်းမှုတွေကို အမြဲတမ်း မြင်တွေ့ ကြားသိနေရဆဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှ အသက် ၆၂ နှစ် အရွယ် အမျိုးသားသည် ရေမချိုးဘဲ နေလာခဲ့သည်မှာ နှစ်ပေါင်း ၂၂ နှစ်ကြာခဲ့ပြီ ဖြစ်ပါတယ်။

ရေမချိုးရခြင်း၏ အကြောင်းကတော့ သူဟာ မိန်းကလေးများနှင့် တိရိစ္ဆာန်လေးများကို ညှင်းပန်းနှိက်စက်မှုတွေ မရှိသည့် တစ်နေ့မှ ရေပြန်ချိုးမည်ဟု ကတိပြုထားသူ ဖြစ်ပါတယ်။

ထို့ကြောင့် အမျိုးသားအနေဖြင့် ရေပြန်ချိုးနိုင်ရန်အတွက် အနိုင်ကျင့်မှု ညှင်းပန်းနှိက်စက်မှုတွေ မရှိဘဲ အေးချမ်းသာယာတဲ့ ကမ္ဘာလေးကို ရရှိနိုင်ပါစေလို့ ဆုတောင်းနေမိပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*