ခွေးရူးဖြစ်ဖြစ် ခွေးကောင်းဖြစ်ဖြစ် ကိုက်ခံခဲ့ရလျှင် သဗြုသီးကို သတိရလိုက်ပါ…

ခွေးရူးဖြစ်ဖြစ် ခွေးကောင်းဖြစ်ဖြစ် ကိုက်ခံခဲ့ရလျှင် သဗြုသီးကို သတိရလိုက်ပါ…

သဗြုသီး အသုံးဝင်ပုံများ-ခွေးရူး (သို့)ခွေးကောင်းဘဲကိုက်ကိုက် သဗြုသီးအလုံးကို ထပ်ချမ်းခွဲပြီး အထဲကအရိအချွဲနဲ့ ခွေးကိုက်သည့်အပေါက်ကို လက်နဲ့ဖိကပ်ထားပေးပါ (၃)မိနစ်လောက်ဆို သူ့အလိုကပ်နေပါလိမ့်မည်။အဆိပ်ကုန်မှ ခွါလို့ရပါမည်။သဗြုမြစ်ကိုလည်း သွေးတိုက်ပါ အသုံးလိုရင်တော့ သုံကြည့်လိုက်ပါ လက်တွေ့အသုံးဖူး၍ အကြံပေးတာပါ။

ဒါမှမဟုတ် ခွေးရူး ကာကွယ်ဆေးကိုတော့ ဆေးရုံများတွင် မဖြစ်မနေ သွားရောက်ထိုးနှံပေးပါ။မသုံးလိုရင် မဝေဖန်ပါနဲ့ လူ၏ကံတရားဟာ ဘယ်ဖန်ဆင်းရှင်မှ မကယ်တင်နိုင်ပါ။နွယ်မြက်သစ်ပင် ဂတိသစ္စာတည်သောအခါ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏။

လေးဘက်နာ လက်တွေ့သက်သာတဲ့ ရွှေထက်တန်ဖိုးကြီးတဲ့ သပြုသီးဆေးနည်း-သဗြုသီးနဲ့ ဆားကို အချိုးတူပြုတ်ပြီး အငွေ့ခံ ချွေးအောင်းပေးလိုက်ပါ တစ်ကိုယ်လုံးမှာရှိတဲ့ အပူအပုပ် ချွေးတွေထွက်လာပြီးရင် ရေချိုးပေးပါ။အစားရှောင်စရာမလိုအောင် သက်သာတယ်။ခြေစစ် လက်စစ်တွေလည်း မကိုက်တော့ပါဘူး။

သဗြုသီးကို ဟင်းချက်စားလျှင် ဆေးဘက်ဝင်ပုံ-ငါးခူနဲ သဗြုသီးချက်စားပါ။ကျောက်ကပ်နှလုံးကောင်းလာပါမည်။ငါးရံတည့်ပြီး သပြုသီးကို ဟင်းချို ချက်စားပါ။ဆီးချိုသက်သာပျောက်ကင်းပါသည်။သဗြုသီးကိုပြုတ်ပြီး ငပိရည်နဲ တို့စားပါ။နှလုံးအားကောင်းလာပြီး ဆီးရွှင်လာပါမည်။

ဆီးကျောက်တည်သူများအတွက် ဆေးနည်းကောင်းတစ်လက်-သဗြုသီးအရွက်ကိုပြုတ်ပြီး သုံးခွက်တစ်ခွက်တင် ပြုတ်သောက်ပါ။ဆီးကျောက်တည်သူများအတွက် ကျောက်တစ်ဖြည်းဖြည်း ကြွေကျပြီး သက်သာပျောက်ကင်ပါသည်။သဗြုသီးအခေါက်ကို ဝမ်းကိုက်သူများအတွက် ကျောက်ပျဉ်နဲ့သွေးပြီး ဆားနဲ့ရောပြီး သောက်ပါ။

Be the first to comment

Leave a comment

Your email address will not be published.


*