ထက်ထက် စကားလုံးတွေလွှတ်ရင် ငေးနေရတယ်ဆိုတဲ့ သရုပ်ဆောင် လွင်မိုး
ပရိသတ်ကြီးတို့ရေ အကယ်ဒမီများရှင် ထက်ထက်မိုးဟာ တစ်ချိန်တုန်းက ကြော်ငြာမှာ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး မထက်က covid ကာလတွေကစတင်ပြီး live sale တွေစတင်ပြုလုပ်ခဲ့ပြီး အခုချိန်မှာတော့ live sale Queen လို့တောင်တင်စားရလောက်တဲ့အထိ သူမရဲ့ရောင်းအားတွေဟာ အမြင့်ဆုံးမှာ ရောက်ရှိနေသူပဲဖြစ်ပါတယ်။ကျောက်မျက်ရတနာ၊စိန်ထည်၊ ကား မြေကွက် ပစ္စည်းအစုံတွေကို အချိန်တိုအတွင်း သိန်းသောင်းချီအောင်ရောင်းနိုင်သူလည်း ဖြစ်ပါတယ်။
အကယ်ဒမီ သရုပ်ဆောင် လွင်မိုးနဲ့ အကယ်ဒမီ ထက်ထက်မိုးဦးတို့ကတော့ အနုပညာအလုပ်တွေကို နှစ်ပေါင်းများစွာ အတူတကွလုပ်ကိုင်လာကြတဲ့ အနုပညာမောင်နှမတွေဖြစ်ကြပြီး ဟိုအရင်အချိန်ထဲက အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ ထက်ထက်မိုးဦးက လက်ရှိ ဒီဘက်ခေတ်ထိတိုင်အောင် ပရိသတ်တွေရဲ့သဲသဲလှုပ်ချစ်ပြီး အားပေးခံရတဲ့ အကြောင်းအရင်းကို ဦးလွင်မိုးက အခုလိုပဲပြောပြလာခဲ့ပါတယ်။
“ထက်ထက် စကားလုံးတွေ လွှတ်တဲ့ အချိန်ဆို ဘေးက ငေးနေရတယ်။Live Sales မှာသူက ဈေးရောင်း ကိုယ်က ပစ္စည်းသယ်ပေးနေရတာပါ။ သူက ကျောက်အကြောင်းနားလည်သလို ဈေးရောင်းတာလည်း ဝါသနာပါတယ်။အခုချိန် သူတစ်ခါ စန်းပြန်ထနေတော့ ဆရာကြီး ဖြစ်နေပြီ။အလုပ်တွေ အတူ လုပ်ခဲ့တာ (၂၅) နှစ်ကျော်ပါပြီ။
အခုလို အသက်ကြီးမှ Live Sales မှာပြန်ဆုံရတော့ အမှတ်တရပါ”ဆိုပြီးဦးလွင်မိုးက ပြောပြလာခဲ့တာပါ။သရုပ်ဆောင် ထက်ထက်မိုးဦးကလည်း “ကိုမိုးက အစ်ကိုရင်း တစ်ယောက်လိုပဲ ဆုံးမတတ်တယ်။ငယ်ငယ်က ရှူတင်တွေမှာဆို ထက်ထက်ကို ငိုတဲ့အထိ စနောက်တတ်တဲ့ သူမျိုးပါ”ဆိုပြီးတော့ ပြောပြလာခဲ့ပါသေးတယ်။
Be the first to comment