‘စားလောက်ယုံလေးတော့ သီချင်းပြန်ဆိုခွင့်ပေးကြပါ’ လို့ပရိသတ်ကိုပြောလာတဲ့ အဆိုတော်ဂျေညီညီ

‘စားလောက်ယုံလေးတော့ သီချင်းပြန်ဆိုခွင့်ပေးကြပါ’ လို့ပရိသတ်ကိုပြောလာတဲ့ အဆိုတော်ဂျေညီညီ

ပရိသတ်ကြီးတို့ရေ စတူဒီယိုတေးသံရှင် အဆိုတော် ဂျေညီညီကတော့ တစ်ခေတ်တစ်ခါက ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို သူ့ရဲ့ သီချင်းကောင်းတွေနဲ့အတူ အပိုင်သိမ်းထားနိုင်ခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဦးဂျေညီညီက’ပင်မကျောရိုးကြီး ကောက်ပြီး ဆီးအိမ်အပေါ်သွားပိတော့ ဆီးမထိန်းနိုင် ဖြစ်သွားခဲ့တယ်။သက်သာလာချိန်မှာ ထပ်ပြီး ချော်လဲတော့ တင်ပါးဆုံ အရိုးဆုံ ကျိုးသွားခဲ့တယ်။တင်ပါးဆုံ အရိုးဆုံကျိုးလို့ ခွဲစိတ်ကုသမှုခံယူခဲ့ရတယ် လှုပ်တာနဲ့ အရမ်း နာကျင်နေရလို့ အိပ်လို့တောင်မရတော့ဘူး။

အမျိုးသမီးနဲ့ ဉာဏ်ရည် မသန်စွမ်းသူ သားပဲရှိတော့ စိတ်ကို အားတင်းထားပါတယ်’ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်။ဦးဂျေညီညီဟာ အခုဆိုရင်တော့ အသက်အရွယ်တစ်ခု ရောက်ရှိနေပြီဖြစ်ပြီး အနုပညာအလုပ်တွေနဲ့အတူတူ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ မုန့်ဟင်းခါးကိုလည်း ရောင်းချလျက်ရှိတာပဲ ဖြစ်ပါတယ်။

ယခုအခါမှာတော့ ဦးဂျေညီညီက “သီချင်းဆိုတဲ့ သူဆိုတော့ မပျော်လည်း စားဝတ်နေရေးအတွက် သီချင်းဆိုရမှာပဲလေ။ စားလောက်ယုံ သောက်လောက်ယုံလေးတော့ ကျနော့်ကို သီချင်းပြန်ဆိုခွင့် ပေးကြပါ”ဆိုပြီးတော့ ပရိသတ်ထံခွင့်တောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*