သိုင်းပေါင်းစုံလက်ဝှေ့သမား အောင်လအန်ဆန်က ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်ဗောင်းကို တချီတည်းနဲ့အနိုင်ရ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ယနေ့ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲမှာ မြန်မာ့ဖိုက်တာကြီး အောင်လအန်ဆန်းဟာ ပြိုင်ဖက် ဘရာဇီးကစားသမားကို ပထမအချီမှာပဲ အလဲထိုးနဲ့ အနိုင်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာ့ စပါးအုံးလို့ နာမည်ကျော်တဲ့ အောင်လနဲ့ ဘရာဇီးကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဂီလ်ဘာတိုတို့ဟာ One Championship ပြိုင်ပွဲရဲ့ ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး (One Fight Night -6) ပွဲစဉ်တစ်ပွဲအဖြစ် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့က Impact Arena မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကာဖြစ်ပါတယ်။
အောင်လအန်ဆန်းဟာ ပြိုင်ဖိုက် ဘရာဇီးကစားသမား ဂီလ်ဘာတိုကို ပထမအချီ ၁ မိနစ် စက္ကန့် ၂၀ ကျော်မှာပဲ အလဲထိုးနဲ့ အနိုင်ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။
အောင်လအန်ဆန်းဟာ ကနဦးက တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဖန်ရောင်းနဲ့ ယှဉ်ပြိုင်ဖို့ ပွဲစီစဉ်ထားခဲ့ပေမယ့်လည်း ပြိုင်ပွဲပြုလုပ်ဖို့ (၁၀)ရက်အလိုမှာ ဖန်ရောင်းတစ်ယောက် ကိုဗစ်ကူးစက်မှုခံထားရတဲ့အတွက် ပွဲစဉ်အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ဘရာဇီးဖိုက်တာနဲ့ ယှဉ်ပြိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။
ယခုပွဲ အနိုင်ရရှိမှုကြောင့် အောင်လအန်ဆန်းအနေနဲ့ ဆုကြေး အမေရိကန်ဒေါ်လာ ငါးသောင်း ရရှိခဲ့တာပဲဖြစ်ပါတယ်။ပြိုင်ပွဲအပြီးမှာတော့ ဖိုက်တာကြီး အောင်လအန်ဆန်းက ‘မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ’လို့ ဆုတောင်းသွားခဲ့ပါတယ်။
Be the first to comment