ခြံသံပန်းတံခါးပိမိတဲ့ အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦးရဲ့အဖြစ်ဆိုး…

ခြံသံပန်းတံခါးပိမိတဲ့ အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦးရဲ့အဖြစ်ဆိုး…

သာကေတ ၁၀ တောင်၊ ၁၃ ရပ်ကွက် ခရေလမ်း၊ သံလျင်တံတားအိမ်ရာဝင်းမှာ ခြံသံပန်းတံခါးပိ၍ အသက်(၆)နှစ်အရွယ် သားငယ်လေး မောင်ကောင်းထက်ကျော် အသက်ဆုံးရှူံးခဲ့ရပါတယ်။ဝိတ်လေးသည့် သံပန်းတံခါးဟာ အောက်ခြေဘီးတွေက သေးသည့်အပြင် ပြုလုပ်စဉ်ကတည်းက အထိန်းအကွပ်မပါကြောင်းလည်း သိရပါတယ်။ကလေးငယ်အပေါ် လှဲ၍ပိကျသွားတဲ့အချိန် အတော်နာကျင်ခံစားရမှာပါ။

မှုခင်းလာစစ်တမ်းယူတော့ လူအုပ်နဲ့ဝိုင်းပြီး သံပန်းတံခါးကို မ,ယူကြရတဲ့ အဖြစ်မျိုးပါ။သံပန်းတပ်ဆင်သူတွေအနေနဲ့ Safety First အရင်ဦးစားပေးဖို့ လိုပါတယ်။အခုတော့ မဖြစ်သင့်ဘဲ ကလေးငယ်ရဲ့ အသက် ဆုံးရှူံးလိုက်ကြရပြီ၊ တာဝန်ယူမှု တာဝန်ခံမှုမရှိဘူးလို့လည်း သိရတယ်။မိဘတွေတော့ ရင်ကွဲမတတ်ဖြစ်ကြမှာ အသေအချာပါ။

ကလေးငယ်၏ ဦးလေးဖြစ်သူ ရေးသည့်စာ “အခုတော့ စောက်သုံးမကျတဲ့ သံပန်းလုပ်သူတွေရယ် အလုပ်တခုလုပ်ရင် ဆရာကျအောင်လုပ်ပါကွာ၊မူခင်းစစ်လာတော့ ဒီတံခါးကို လူ(၇)ယောက်မရတယ် အခု ငါ့တူ အသက်တချောင်း ပါသွားပြီ၊အခုဝိုင်းပြထားတဲ့နေရာမှာ ပုံမှန်ဆို အထိန်း နှစ်ခုက ပါကိုပါရတယ်။အခုတော့ကွာ သူဘယ်လောက်တောင် နာကျင်ရမလဲ တူလေးရယ်😭သားလေး ကောင်းရာဘုံဘဝရောက်ပါစေ။

ဇန်နဝါရီလ (၁၂)ရက်နေ့က သံပန်းတံခါးပိ၍ ကွယ်လွန်ခဲ့သည့် အသက် (၆)နှစ်အရွယ် မောင်ကောင်းထက်ကျော်၏နာရေးကို ယနေ့ဇန်နဝါရီလ (၁၄)ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်မည်ဖြစ်သည်။ကလေးငယ်၏ရုပ်အလောင်းကို ယနေ့ညနေ(၄)နာရီတွင် ကျီစုသုဿာန်တွင် ပို့ဆောင်မီးသင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

မောင်ကောင်းထက်ကျော်သည် သူနေထိုင်ရာ ငုဝါလမ်းမှ တလမ်းကျော် ခရေလမ်းရှိ အဒေါ်ဖြစ်သူ၏နေအိမ်သို့ အလည်သွားစဉ် ခြံတခုမှ သံပန်းတံခါး ပြုတ်ကျပိမိ၍ မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ရရှိသည့်ဒဏ်ရာဖြင့်ပင် ကွယ်လွန်ခဲ့ရခြင်းဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*