ရှားစောင်းလက်ပတ် အသုံးပြုလျှင် အထူးသတိထားရမယ့်အချက်ကို မျှဝေချင်ပါတယ်

ရှားစောင်းလက်ပတ် အသုံးပြုလျှင် အထူးသတိထားရမယ့်အချက်ကို မျှဝေချင်ပါတယ်

အလှအပရေးရာမှာ ရှားစောင်းဟာ နာမည်ကြီးပါတယ်။သူရဲ့ကောင်းကျိုးတွေ အသုံးဝင်ပုံတွေ အသုံးပြုပုံတွေကတော့ အတော်များများ သိပြီးဖြစ်လို့ မပြောတော့ပါဘူး။သတိထားရမှာကတော့ ရှားစောင်းကို အသုံးမပြုခင်မှာ အဝါရောင်အဆိပ်ကို မဖြစ်မနေ ထုတ်ပေးဖို့ပါဘဲ။ရှားစောင်းအပင်ကနေ အရွက်ကလေးကိုဖြတ် ရေဆေးပြီး မျက်နှာကိုသုတ်ပြီး လိမ်းမယ်ဆိုရင်တော့ ရှားစောင်းမှာပါတဲ့ အဆိပ်တွေကို အရေပြားအတွင်း ထိုးသွင်းသလိုဖြစ်ပြီး အန္တရာယ်များပါတယ်။

ရှားစောင်းသုံးပြီး အရေပြားယားယံတာ ဝက်ခြံတွေထွက်လာတာဟာ အဲ့ဒီအဆိပ်ကြောင့်ပါ။ဒါကြောင့် အသုံးမပြုခင် အဆိပ်ထုတ်ပေးဖို့ လိုပါတယ်။ရှားစောင်းမှာ အစိတ်အပိုင်း နှစ်ခုရှိပါတယ်။အတွင်းသား ဂျယ်လီနဲ့ အစေးအပိုင်းပါ။အစေးပိုင်းက အဆိပ်ရှိတာပါ။ရှားစောင်းကိုဖြတ် မျက်နှာပြင်ကို အပ်ပေါက်ရာလေးတွေဖောက်ပြီး ခွက်တခုထဲမှာ ထည့်ထားမယ်ဆိုရင် အဝါရောင်အစေးတွေ အများကြီး ထွက်လာပါတယ်။

အရင်တုန်းကတော့ အဲ့ဒီအစေးတွေကို ပရဆေးဆိုင်တွေမှာ သွားရောင်းလို့ရပါတယ်။မြန်မာ့တိုင်းရင်းဆေးလောကမှာ သုံးတဲ့ ”မုတ်ခါး“ဆိုတဲ့ ဝမ်းနုတ်ဆေးဟာ အဲ့ဒီ ရှားစောင်းအစေးတွေကို ရှားစေးနဲ့ရောစပ်ပြီး ဖော်ထားတာပါ။ရှားစောင်းအဆိပ်ထုတ်နည်း-ရှားစောင်း အဆိပ်ထုတ်ပုံကတော့ လွယ်ပါတယ်။ရှားစောင်းအရွက်တွေကို ဖြတ်ပြီးပြီးခြင်း ခွက်တခုထဲမှာ ၄၅ဒီကရီလောက် စောင်းပြီး ထောင်ထားပေးပါ။

အဝါရောင် အစေးပျစ်ပျစ်တွေ ထွက်လာပါလိမ့်မယ်။အချိန်ကတော့ ၃နာရီလောက် ဆိုရပါတယ်။အဲ့ဒီအစေးတွေကို ပြောင်စင်အောင် ဆေးကြောပြီး အသုံးပြုမှသာ ရှားစောင်းရဲ့ အာနိသင်တွေကို အပြည့်အဝ ရရှိမှာဖြစ်ပါတယ်။လှပတဲ့ အသားရည်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Be the first to comment

Leave a comment

Your email address will not be published.


*