ကွာရှင်းပြီးသားခင်ပွန်းဟောင်းကို တကူးတက ဆက်သွယ်နေတဲ့မိခင်ကြောင့် ဂုဏ်သိက္ခာကျ အရှက်ရကာ အဝေးကိုထွက်သွားတော့မယ်ဆိုတဲ့ ခင်ရတနာစိုး…

ကွာရှင်းပြီးသားခင်ပွန်းဟောင်းကို တကူးတက ဆက်သွယ်နေတဲ့မိခင်ကြောင့် ဂုဏ်သိက္ခာကျ အရှက်ရကာ အဝေးကိုထွက်သွားတော့မယ်ဆိုတဲ့ ခင်ရတနာစိုး…

The Voice Myanmar သီချင်းဆိုပြိုင်ပွဲကနေ လူသိများလာခဲ့တဲ့ ခင်ရတနာစိုးဟာ အနုပညာလောကနဲ့မစိမ်းပဲ ဆိုင်းမျိုးရိုးကနေ ဆင်းသက်လာသူတစ်ယောက်အဖြစ် ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ခင်ရတနာစိုးဟာ ပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်စဉ်ကတည်းက အိမ်ထောင်ရှိသူတစ်ယောက်အဖြစ် တစ်နိုင်ငံလုံးကချပြခဲ့သလို သူမအနေနဲ့ အိမ်ထောင်ရေးအဆင်မပြေလို့ ကွာရှင်းခဲ့ချိန်မှာလည်း ပရိသတ်ကို အသိပေးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၈) ရက်နေ့မှာ ကွာရှင်းခဲ့ပြီးဖြစ်တဲ့ ခင်ရတနာစိုးက အခုဆိုရင် လွတ်လပ်သူတစ်ယောက်ဖြစ်နေပြီဆိုပေမယ့် သူမရဲ့မိခင်ကြောင့် ကွာရှင်းပြီးသားခင်ပွန်းဆီမှာ အရှက်ရစေသလို ပတ်ဝန်းကျင်ကပြောဆိုမှုတွေကြောင့်လည်း သိက္ခာကျရတယ်လို့ ဆိုပါတယ်။

ခင်ရတနာစိုးက “ပြီးခဲ့တဲ့ကိစ္စတွေမှာ မသက်ဆိုင်တော့တဲ့သူဘက်ကို ညီမဘက်က ဆက်လည်းမဆက်သွယ်ပါဘူး။ ကြားထဲကနေ ကျွန်မရဲ့အမေက သူ့ဆီသွားတာတွေ ဖုန်းဆက်တာတွေက ကျွန်မသိက္ခာကိုအတော်လေးထိခိုက်ပါတယ်။လမ်းတွေ့လို့နှုတ်ဆက်တာမျိုးကိုလက်ခံပါတယ်။ အခုကတကူးတကသွား အမေ့ဘက်ကဖုန်းတွေဆက်တော့ ပြန်ကြားရတဲ့စကားတွေကအတော်လေးရှက်ရပါတယ်။

ရပ်ကွက်လိုက်ရွာလိုက် ပြောဆိုနေကြတာတွေလည်း ရပ်တန်းကရပ်ပါ။ ပြီးတော့ သူတို့ကဖုန်းဆက်လို့ သူတို့ကဆက်သွယ်လို့ဆိုပြီး ဂုဏ်ဆာပြီးပြောနေမယ့်အစား သူ့အမေကကျွန်တော်တို့ကိုဆက်သွယ်တာလို့ပဲသုံးနှုန်းလိုက်ကြပါ။ကျွန်မလည်း ဒီမြို့နဲ့ပိုဝေးရာမှာနေဖို့ဆုံးဖြတ်ထားပါပြီ။ ကျွန်မ အမေသွားလာဆက်ဆံပြောဆိုနေတာတွေကို ကျွန်မအမေနာမည်နဲ့ပဲပြောကြပါ။

မိဘနဲ့ပတ်သတ်ပြီးကျန်တာမှန်သမျှသည်းခံပါတယ်။ အခုလိုလမ်းမှားပြီး လုပ်နေတာကိုတော့ ကျွန်မနာမည်မတပ်ပဲ ကျွန်မအမေနာမည်သာတပ်ပြီး ပြောဆိုကြပါ။ အိမ်တွင်းရေးလိုင်းပေါ်မတင်သင့်တာသိပေမယ့် ရပ်ကွက်လိုက်ရွာလိုက် ပါးစပ်အရသာခံပြောနေကြတာ ရပ်တန်းကရပ်ဖို့ သတိပေးတာပါ။ကျေးဇူးပါ”ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။

ခင်ရတနာစိုးကတော့ သူမရဲ့မိခင်ကြောင့် အရှက်ရသိက္ခာကျမှုတွေဖြစ်ရသလို သူမရဲ့မိခင်အနေနဲ့ကလည်း သမီးဖြစ်သူကို အိမ်ထောင်ပျက် တစ်ခုလပ်မဖြစ်စေချင်တဲ့ ဆန္ဒနဲ့ လူကြီးပီပီ ထင်ရာတွေလုပ်ကိုင်နေခြင်းသာဖြစ်ပါတယ်။ ခင်ရတနာစိုးကတော့ ပတ်ဝန်းကျင်ရဲ့ပြောဆိုမှုတွေကြောင့် သူမရဲ့ဇာတိမြေဒိုက်ဦးမြို့ကနေဝေးရာနေရာမှာ သွားရောက်နေထိုင်မယ်လို့ ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*