အမေ့ကိုချစ်လို့ အခုချိန်အထိ အိမ်ထောင်မပြုဘဲနေခဲ့တယ်ဆိုတဲ့ လူကြမ်းသရုပ်ဆောင် မျိုးကြည်

အမေ့ကိုချစ်လို့ အခုချိန်အထိ အိမ်ထောင်မပြုဘဲနေခဲ့တယ်ဆိုတဲ့ လူကြမ်းသရုပ်ဆောင် မျိုးကြည်

ပရိသတ်ကြီးတို့ရေ.. အနုပညာလောကမှာ ဇာတ်ကားကောင်းတစ်ကားဖြစ်လာဖို့အတွက် အဓိကဇာတ်ဆောင်နဲ့ ဇာတ်ပို့သရုပ်ဆောင်တွေက အရေးပါသလို လူကြမ်းသရုပ်ဆောင်တွေဖြစ်ကြတဲ့ အနုညာရှင်တွေရဲ့ အခန်းကဏ္ဍာကလည်း ကျရာဇာတ်ရုပ်တွေကို ပီပြင်အောင် သရုပ်ဆောင်နိုင်ကြသူတွေပါပဲ..။

ဗီလိန်ဇာတ်ရုပ်တွေနဲ့ ပီပြင်ပိုင်နိုင်တဲ့ သူတို့ရဲ့ အကြမ်းအရမ်းသရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုလည်း တော်တော်များများ ရရှိထားကြတဲ့ လူကြမ်းသရုပ်ဆောင် အနုပညာရှင်တွေကလည်း အများအပြားပါပဲနော်..။

အခုတစ်ခါမှာဆိုရင် လူကြမ်းသရုပ်ဆောင် မျိုးကြည်က အမေ့ကိုချစ်လို့ အခုချိန်အထိ အိမ်ထောင်မပြုဘဲနေလာခဲ့တဲ့အကြောင်းကို အခုလို ပြန်လည်ပြောပြလာခဲ့ပါတယ်။လူကြမ်းသရုပ်ဆောင် မျိုးကြည်က “သေတွင်းထဲကနေ ရင်ဆိုင်ပြီး ကိုယ့်ကိုမွေးထုတ်ပေးလာတဲ့ မွေးမိခင်ကို ကိုယ့်ဘက်က အတတ်နိုင်ဆုံး တာဝန်ကျေအောင်

အခုချိန်ထိ အိမ်ထောင်မပြုဘဲ နေလာခဲ့တာပါ၊ လူ့လောကကြီးမှာ ရှိနေသေးသရွေ့ မိဘအပေါ်ကိုပြန်ပြီး တစ်ဖက်တစ်လမ်းက ကျေးဇူးဆပ်တဲ့အနေနဲ့ လုပ်ပေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ အမေ့ကိုချစ်လို့ အခုချိန်အထိ အိမ်ထောင်မပြုဘဲ နေလာခဲ့တာပါ” ဆိုပြီးတော့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*