စတီးဖတ်ခွေသုံးပြီး ပန်းကန်ဆေးတတ်တဲ့ အိမ်ရှင်မတွေသတိထားကြပါ(အသိတယောက် အူပုပ်ပြီး…)
Steel Wool အကြောင်းသိကောင်းစရာ လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။အိပ်ယာထဲက မထနိုင်သလို အစားအသောက်ပါ မစားနိုင်တဲ့အတွက် လူတစ်ကိုယ်လုံးက အရိုးပေါ်အရေတင်နေပါပြီ။သူခံစားနေရတဲ့ဝေဒနာကို မေးကြည့်တော့ ချက်နားက စူးအောင့်ပြီးနာနေသလို ဝမ်းလဲချုပ်နေပါတယ်။
ဆေးခန်းပြတော့လဲ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေပဲ ပေးသတဲ့။ဖြစ်နိုင်ခြေကို ကျွန်တော် စဉ်းစားကြည့်ပါတယ်..အစာအိမ်မှာ အနာရှိသလား..အူခေါက်သလား..အူကင်ဆာလားပေါ့။စိတ်ထဲမှာ မသင်္ကာလာတာနဲ့ မေမေ့တပည့် ခွဲစိတ်ဆရာဝန်ကြီးဆီကို အကြံဉာဏ်တောင်းခံခဲ့ပါတယ်။
ဆရာဝန်ကြီးက လူနာကိုချက်ချင်း ဆေးရုံကြီးကိုခေါ်လာဖို့နဲ့ သူကိုယ်တိုင်လာကြည့်မယ်လို့ပြောပါတယ်။ဓါတ်မှန်ရိုက်တော့လဲ ဘာမှမပေါ်ပါဘူး။ဆရာဝန်တွေခေါင်းစားရတဲ့ ပြသနာပါ။Operation လုပ်ဖို့ကလဲ ရောဂါအတိအကျ မသိရတဲ့အတွက် လုပ်ဖို့မလွယ်ပါ။
အတိုချုံ့ပြောရရင်တော့ လူနာဟာ ခြောက်လအကြာမှာ ဆုံးပါးသွားပါတယ်။ရင်ခွဲပြီးစစ်ဆေးတဲ့အခါ ရလာတဲ့ Result ကအူမကြီးတစ်ခုလုံး ပုပ်နေပါပြီ။
အူမကြီးကို အသေအချာစစ်ဆေးတော့မှ အူနံရံမှာ စိုက်ဝင်နေတဲ့ Steel စလေးကို တွေ့ရပါတယ်။အဲဒီ Steel စလေးက ပန်းကန်တွေဆေးရာမှာ အသုံးပြုတဲ့ Steel Wool အစလေးပါ အခန့်မသင့်ရင် အသက်တစ်ချောင်း ဆုံးရှုံးတတ်တာကြောင့် Steel Wool ကိုမသုံးစေချင်ပါဘူးနော်။
Be the first to comment