မုဒိန်းကျင့်-တ်ခံခဲ့ရတဲ့ ရွှေဘိုမြို့က အသက်(၁၁)နှစ် မပွားစိန်လေး​ေ-ဆုံးမှုရဲ့နောက်ဆက်တွဲသတင်း

မုဒိန်းကျင့်-တ်ခံခဲ့ရတဲ့ ရွှေဘိုမြို့က အသက်(၁၁)နှစ် မပွားစိန်လေး​ေ-ဆုံးမှုရဲ့နောက်ဆက်တွဲသတင်း

အသက်(၁၁)နှစ်အရွယ် မပွားစိန်ဟာ ရွှေဘိုမြို့၊ပန်းခြံတောင်ဘက်လမ်းဘေးမှာ ကန်စွန်းဥပြုတ်၊ ငုံးဥပြုတ် ရောင်းနေသူဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၂)ရက်က အိမ်ပြန်မရောက်လာဘဲ ‌ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး နောက်တစ်နေ့ ဇန်နဝါရီလ (၁၃)ရက်နေ့မှာတော့ ရွှေဘို မြို့ရှောင်လမ်းဘေးက လယ်ကွင်းထဲမှာ မတရားပြုကျင့်ခံရတဲ့ အနေအထားနဲ့ အ-တ်ခံထားရတဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့ရတာပဲ ဖြစ်ပါတယ်။

မပွားစိန်လေးရဲ့ သေဆုံးခဲ့ရမှုအတွက် မိသားစုဝင်များက အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်ပါတယ်။မပွားစိန်လေးရဲ့ ရုပ်အလောင်းကို တွေ့ချိန်မှာ ခန္ဒာကိုယ်အောက်ပိုင်း အဝတ်ဗလာအနေအထားနဲ့ မတရားပြုကျင့်ခံရတဲ့ ‌အခြေအနေကို တွေ့ခဲ့ရတယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ မိသားစုဝင်များနဲ့ ပရဟိတအဖွဲ့သားများက ပြောကြားခဲ့ပါတယ်။ဒါ့ကြောင့် မတရားပြုကျင့်ခံခဲ့ရပြီးနောက် သေဆုံးသွားခဲ့ရတာလို့ မိသားစုဝင်များက ပြောထားပါတယ်။

လည်ပင်းညှစ်ဒဏ်ရာများ၊ ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မပွားစိန်ရဲ့ ရုပ်အလောင်းကို ရွှေဘိုက ပရဟိတအဖွဲ့နဲ့ မိသားစုဝင်အချို့က ရွှေဘိုဆေးရုံကိုပို့ဆောင်ခဲ့ပြီးနောက် ဆေးစစ်ချက်ကိုတော့ ဆေးရုံဘက်က ပြောတာမရှိသေးဘူးလို့ သိရပါတယ်။ “ကျွန်တော်တို့ကတော့ ကလေးဇောနဲ့ဆိုတော့ ဆေးစစ်ချက်ပါအချက်တွေကို မမေးမိဘူး။သူတို့(ဆေးရုံ)ကလည်းမပြောဘူး။

သေချာတာကတော့ မုဒိမ်းကျင့်ခံရတာ သေချာပါတယ်။ကလေးမှာ အဝတ်တွေလည်း မရှိဘူးဗျာ။မြင်ရတာတော်‌တော်ကို အဆင်မပြေတာပါ။အခုသူ့ကို တနေ့ကတော့ သဂြိုဟ်လိုက်ပြီ။၁၈ရက်နေ့မှာ ရက်လည်လုပ်ပေးမယ်။နောက်ဒီမြို့က ပရဟိတအဖွဲ့တွေက နာရေးအတွက် ငွေလှူဒါန်းပေးကြပါတယ်။မိသားစုက အရမ်းဆင်းရဲပါတယ်။မနေ့က တော့ ရဲစခန်းက ခေါ်မေးတယ်ပြောတယ်”ဆိုပြီးတော့ မပွားစိန်လေးရဲ့ ဦးလေးဖြစ်သူက ပြောပြပါတယ်။

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့မှာ အခုဇန်နဝါရီလ နှစ်ပတ်အတွင်း အသက်မပြည့်သေးတဲ့ မိန်းခလေးငယ်အပါဝင် အမျိုးသမီးနှစ်ဦး မတရားပြုကျင့်ခံရတဲ့အခြေအနေနဲ့ အသတ်ခံရတယ်လို့ သိရှိရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*