(၁၄)နှစ်သမီးလေးကို အဓမ္မကျင့်ပြီး မိန်းမကသိသွားတော့မှ သမီးကို အစဖျောက်လိုက်တဲ့ အဖေအရင်း
ကမ္ဘောဒီးယားနိုင်ငံတွင် ဇနီးဖြစ်သူမှ သူ့ခင်ပွန်းအား ဆယ်ကျော်သက်သမီးအပေါ် အဓမ္မပြုကျင့်သည်ဟု စွပ်စွဲသဖြင့် ဖခင်ဖြစ်သူမှ သမီးအားသတ်ကာ မြစ်ထဲပစ်ချ အလောင်းဖျောက်ခဲ့သည့် အမှုဖြစ်ပွားခဲ့သည်။
ရဲများ၏ပြောပြချက်အရ Sahav Mleh အမည်ရှိသူသည် ဇနီးဖြစ်သူမှ သမီးအပေါ် အဓမ္မပြုကျင့်သည်ဟု စွပ်စွဲသဖြင့် မေလ ၂၇ရက်နေ့တွင် သမီးအား ဆိုင်ကယ်နှင့်လိုက်ခဲ့ရန် ဖျားယောင်းကာ ခေါ်ခဲ့သည်။ထို့နောက် သမီးဖြစ်သူအား သေဆုံးသည်အထိ လည်ပင်းညှစ်သတ်ခဲ့ပီး အလောင်းကို အိတ်ထဲထည့်ကာ မြစ်ထဲပစ်ချ ဖျောက်ဖျက်ခဲ့သည်။
ယခုပြစ်မှုကျူးလွန်သူသည် ယခင်က အဓမ္မပြုကျင့်မှုဖြင့် ထောင်ကျနေခဲ့ရာမှ ပြန်လည် လွတ်မြောက်လာသူဖြစ်သည်ဟုလည်း ရဲများ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။အသတ်ခံရသူ အမျိုးသမီးငယ်သည်အသက် ၁၄နှစ်အရွယ်ရှိ Sarin Sophotra ဟုခေါ်သော ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးဖြစ်ကာ ကျူးလွန်သူ၏ သမီးရင်းဖြစ်သည်ဟုလည်း သိရသည်။
သူမ၏ အလောင်းကို မေလ ၂၉ရက်နေ့တွင် Santuk ခရိုင်ရှိ မြစ်တစ်ခု၌ ရဲများနှင့် ဆွေမျိုးများက ရှာဖွေတွေ့ ရှိခဲ့ကြသည်။တရားခံသည် အလောင်းအား အိတ်အဖြူ တစ်လုံးထဲတွင်ထည့်ကာ တံတားပေါ်မှပစ်ချခဲ့ခြင်းဖြစ်သည်။ယခုအချိန်တွင် ထိုသူအား Santuk ခရိုင်တာဝန်ရှိ စစ်ဆေးရေးအဖွဲ့မှ ဖမ်းဆီးစစ်ဆေးမေးမြန်းလျက်ရှိကြောင်းသိရပါသည်။Source – Khmer Times
Be the first to comment