တက္ကသိုလ်ဝင်တန်း စာမေးပွဲတွက် မအိပ်မနေစာကြိုးစားကျက်မှတ်ရင်း သေသွားခဲ့ရတဲ့ ကျောင်းသား
လွန်ခဲ့သောကာလ ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နေ ကျောင်းသားတစ်ဦးသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် မအိပ်မနေ စာများကြိုးစားခဲ့သည်။ စာများအား အစားစာချိန်မမှန်သည်အထိ ကျက်မှတ်ခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ မဖြေရခင်တွင် ဘဝတပါးသို့ ကူးပြောင်းခဲ့ရသည်။မိဘများလည်း ရင်ကွဲမတက် ခံစားခဲ့ရသည်။
မသေဆုံးမီ (၁)ရက်အလိုက သူသည် ဦးခေါင်းမှာ အလွန်ကိုက်နေကြောင်းကို သူ၏ချစ်သူ ကောင်မလေးကို ရင်ဖွင့်ခဲ့ပြီး စာများကို ဆက်လက် ကျက်နေခဲ့သည်။ထို့နောက် သေဆုံးမည့်နေ့ ည(၈)နာရီခန့်တွင် chemistry တွတ်နေရင်း ခဏအိပ်မည်ဟုဆိုကာ ပြန်မထလာနိုင်တော့ဘဲ ရှိနေသည်။မိဘများက ဆရာဝန်ကို သွားခေါ်၍ စစ်ဆေးသောအခါ သေဆုံး နေကြောင်းတွေ့ရသည်။
ဖခင်ဖြစ်သူ၏ ပြောကြားချက် အရ သူသည် စာတစ်ခုတည်းသာ ခေါင်းထဲထားသူဖြစ်ကြောင်း မျက်မှန်တပ်နေရခြင်းမှာလည်း စာကြိုးစားမှကြောင့်သာဖြစ်ကြောင်း ထမင်းစားချိန် မမှန်သည့်အပြင် အပေါ့အလေးပါ မသွားတော့ကြောင်း သိရသည်။ကျောင်းအုပ်ဆရာကြီး၏ ပြောကြားချက်အရ သူသည် စာအလွန်ကျက်၍ ရူးနေသည်ဟု
ထင်မှတ်ရကြောင်း ကြောင်တောင်တောင် ဖြစ်နေကြောင်း အိမ်သာရေများဖြင့်ပင် ခေါင်းလျော်ကြောင်းကို CCTV မှတ်တမ်းများအရ သိရှိခဲ့ရသည်ဟု ဆိုခဲ့သည်။ရင်ခွဲ ဆရာဝန်၏ ပြောကြားချက်အရ မျက်စိအားနည်းလွန်ပြီး အာရုံကြောများ ပြတ်သွားကြောင်း တွေ့ရသည်ဟု သိရှိခဲ့ရသည်။(မေတ္တာဖြင့် ဘဝရဲ့ခရီးသည်)Crd
Be the first to comment