ကလေးငယ်များ ရင်ကြပ်နေသော် ငွေမကုန်ဘဲ သက်သာပျောက်ကင်းစေတဲ့ ဆေးနည်းကောင်း
ကလေးငယ်များ တအင်အင်နဲ့ အနေခက်ရလောက်အောင် ရင်ကြပ်နေခဲ့ရင် ငွေကုန်ကြေးကြမများဘဲ လွယ်ကူစွာပြုလုပ်နိုင်တဲ့ ဆေးနည်းလေး ပြောပြချင်ပါတယ်။တကယ်လက်တွေ့ အသုံးဝင်တာမို့ စမ်းကြည့်သင့်ပါတယ် ပြုလုပ်ရတာလည်း လွယ်ကူပါတယ်။
ကလေးများ တအင်အင်နဲ့ အနေခက်ရလောက်အောင် ရင်ကြပ်နေသော် ပုံမှာပြထားတဲ့ ရှမ်းနံနံ(သင်္ဘောနံနံ-ဒေသအလိုက် အခေါ်ကွဲလွဲနိုင်ပါတယ်) ၃ရွက်ခန့်၊ကွမ်းရွက်၃ရွက်ခန့်ကို နွမ်းရုံလေး မီးကင်ပေးပြီး ပန်းကန်လုံးတခုထဲကို သတ္ထုရည်ရအောင် ညှစ်ထည့်ပြီး ဒီဇယ်၃စက်ခန့်ရောပါ။
ရင်ကြပ်နေတဲ့ ကလေးရဲ့ ရင်ဘတ်နှင့် နောက်ကြောတို့ကို နှံ့အောင်လိမ်းပေးပါ။ဆေးလိမ်းပြီး မိနစ်အနည်းငယ်အတွင်းမှာ သက်သာပျောက်ကင်းပြီး ကောင်းစွာအသက်ရှူနိုင်ပါလိမ့်မည်။ကိုယ်တွေ့မို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
အသုံးဝင်ခဲ့တယ်ဆိုရင်တော့ အများသူငါ သိရှိနိုင်ရန် ပြန်လည်မျှဝေခြင်းဖြင့် ကုသိုလ်ယူပေးကြပါအုံးနော်။စာဖတ်သူပရိသတ်အားလုံး ကျန်းမာပျော်ရွှင်တဲ့ နေ့စဥ်ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
Be the first to comment