Tiktok မှာနာမည်ကြီးနေတဲ့ နဂါးငွေ့(ခေါ်) သက်တံရောင်သကြားလုံးများ စားပြီးနောက် ကလေးငယ်များ Seemore…

Tiktok မှာနာမည်ကြီးနေတဲ့ နဂါးငွေ့(ခေါ်) သက်တံရောင်သကြားလုံးများ စားပြီးနောက် ကလေးငယ်များ Seemore…

အင်ဒိုနီးရှား၌ Tiktok တွင် နာမည်ကြီးနေသည့် နိုက်ထရိုဂျင်အရည်လောင်း သကြားလုံးများကို ကလေးများ လိုက်စားကြရာမှအဆိပ်သင့်

အင်ဒိုနီးရှားနိုင်ငံရှိ ကလေးအယောက် ၂ဝကျော်သည် Tiktok တွင်နာမည်ကြီး ရေပန်းစားနေသော နိုက်ထရိုဂျင်အရည် အုပ်လောင်းထားသည့် သကြားလုံးများကို စားသုံးရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကလေးငယ်အချို့သည် နဂါးငွေ့ဟုခေါ်သည့် အဆိုပါ သက်တံရောင် သကြားလုံးများကို စားသုံးခဲ့ပြီးနောက် အစာအိမ်ရောင်ရမ်းခြင်းနှင့် အစာအဆိပ်သင့်ခြင်း စသော ရောဂါလက္ခဏာများကို ခံစားခဲ့ရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် အစိုးရသည် အဆိုပါသကြားလုံးများတွင် ပါဝင်သော နိုက်ထရိုဂျင်အရည်များကို အသင့်စား အစားအစာများတွင် အသုံးမပြုကြရန် သတိပေးထားပြီး ပိုမိုသတိထားကြရန် တိုက်တွန်းထားသည်။

နိုက်ထရိုဂျင်အရည်သည် သကြားလုံးများပေါ်တွင် အငွေ့များ တလူလူပျံအောင် ပြုလုပ်ပေးသည့် ပစ္စည်းတစ်မျိုးဖြစ်ပြီး လူများစားသုံးသည့်အခါတွင်လည်း ရေခဲငွေ့၊ ဆေးလိပ်ငွေ့များကဲ့သို့ ခပ်မိုက်မိုက် အငွေ့များ ထွက်ပေါ်လာစေသည်။

သို့ရာတွင် အားနည်းချက်မှာ နိုက်ထရိုဂျင်အရည်များ အငွေ့မပျံခင် စားသုံးမိပါက အစာအိမ် ရောင်ရမ်းခြင်းမျိုး ဖြစ်ပေါ်စေနိုင်ပြီး အလွန်ပြင်းထန်းပါက အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိကြောင်း ဂရစ်ဖစ် တက္ကသိုလ်မှ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဘေးကင်းမှု သုတေသနပညာရှင်ဖြစ်သည့် အင်ဒိုနီးရှား ဆရာဝန်ဒေါက်တာ ဒစ်ကီဘူဒီမန်ကဆိုသည်။

ထို့ပြင် အရေပြား ပူလောင်ခြင်းနှင့် အသက်ရှုရ အလွန်ခက်ခဲခြင်းစသော ဝေဒနာမျိုးလည်း ခံစားနိုင်ရချေရှိကြောင်း သိရသည်။ယခုလက်ရှိတွင် ကလေးငယ်၂၅ဦး အစာအဆိပ်သင့်ထားပြီး နှစ်ဦးအား ဆေးရုံတင်ထားရသော်လည်း သေဆုံးသူ တစ်ဦးမျှ မရှိသေးကြောင်း သိရသည်။

Be the first to comment

Leave a comment

Your email address will not be published.


*