မိသားစုချင်း စကားများကြရာမှ စိတ်မထိန်းနိုင်ဘဲ (၄)လောင်းပြိုင်…

မိသားစုချင်း စကားများကြရာမှ စိတ်မထိန်းနိုင်ဘဲ (၄)လောင်းပြိုင်…

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊အောင်တိုင်ကျေးရွာအုပ်စု ပလ္လင်ပြင်ရွာသစ်ကျေးရွာတွင် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက မိသားစု အမွေကိစ္စ စကားအချေအတင်ဖြစ်ပွားကြရာ ၄ လောင်းပြိုင် လူသတ်မှဖြစ်ပွားခဲ့ကြောင်း သိရသည်။ အသတ်ခံရသူများမှာ အသက် ၆၅နှစ်အရွယ်ရှိ ဘော်ဒီရာမန် ၎င်း၏ဇနီးဖြစ်သူ အသက် ၅၅ နှစ်အရွယ်ရှိ ဖာတေဘာခါတူ သားဖြစ်သူ အသက် ၃၅ နှစ်အရွယ်ရှိ ဘော်ဆီရာမောက်၊သမီးဖြစ်သူ အသက် ၃၇ နှစ် အရွယ်ရှိ အာလီမာခါတူ တို့ဖြစ်ကြသည်။

အဆိုပါ သတ်ဖြတ်သူများနှင့် သေဆုံးသူများမှာ မိသားစုဝင်များဖြစ်ပြီးမိသားစု အမွေကိစ္စ စကားအချေအတင်ဖြစ်ပွားကြရာ သေဆုံးခဲ့ဖြစ်ပြီးအလောင်းကို စစ်တွေမြို့ ပြည်သူဆေးရုံ၏ ရင်ခွဲရုံသို့ ပို့ဆောင်ထားကာင်း ရွှေရောင်မေတ္တာဖောင်းဒေးရှင်းက ပြန်ကြားရေးတာဝန်ခံ ကိုသာဂီဖြိုးက Western News ကိုပြောသည်။

အခင်းဖြစ်တာကတော့ မနေ့က မနက် ၈ နာရီကျော်လောက်မှာမိသားစု အမွေကိစ္စကြောင့် စကားများကြတာကနေ လူသတ်မှဖြစ်ကြတာလို့ သိရတယ်။ လူကတော့ ၄ ယောက်အသတ်ခံလိုက်ရတယ်။အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးဖြစ်တယ်။အခု အသတ်ခံလိုက်ရသူရဲ့ ညီဖြစ်သူအပါဝင် လူ ၆ ဦးက သတ်သွားတာလို့သိရတယ်။

သူတို့ရဲ့ရုပ်အလောင်းကိုတော့ စစ်တွေမြို့ ပြည်သူဆေးရုံးကြီး ရင်ခွဲရုံကို ပို့ဆာင်ထားတယ်” ဟုပြောသည်။အခုအသတ်ခံလိုက်ရသည့် ဦးဘော်ဒီရာမန်နှင့် ၎င်း၏ညီဖြစ်သူ ဦးဆာ်ဒီရာမန်တို့မှာ လယ်ယာမြေ အမွေကိစ္စကြောင့် အမှုရင်ဆိုင်နေကရသည်မှာ နှစ်နဲ့ချီပြီး ကြာမြင့်နေကြပြီးဖြစ်ကြောင်း မိသားစုဝင်များမှတဆင့် သိရသည်။

ယင်းဖြစ်စဉ်နောက်ပိုင်း ဇန်နဝါရီလ ၁၇ ရက်နေ့နံနက်ပိုင်းတွင် နေအိမ်တွင် လယ်ယာမြေအမွေကိစ္စ အချေအတင် စကားများရန်ဖြစ်ရာမှ ဦးဆော်ဒီရာမန်အပါဝင် ၆ ဦးက အစ်ကိုဖြစ် ဦးဘာ်ဒီရာမန်အပါဝင် ၄ ဦးကို ဓားဖြင့် ခုတ်သတ်သွားခြင်းဖြစ်သည်ဟုဒေသခံများကပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တွေမြိုမရဲစခန်း၌ အမှုဖွင့်လှစ်၍ တရားခံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၇ ရက်နေ့ နေ့လယ် နာရီခွဲခန့်တွင် ဆော်ဒီရာမန်နှင့် အဘူလာရှိန်းတို ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကျန်သူများကို ဖမ်းဆီးရရှိဆောင်ရွက်နေကြောင်း စစ်တွေမြို့မရဲခစန်မှာ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။source;အနောက်တိုင်းသတင်း-WN

Be the first to comment

Leave a comment

Your email address will not be published.


*