အသည်းကွဲသီချင်းနဲ့ဖျော်ဖြေနေတုန်း မျက်ရည်ကျခဲ့တာကြောင့် ဝေဖန်မှုတွေမြင့်တက်နေတဲ့ အဆိုတော်လွှမ်းပိုင်

အသည်းကွဲသီချင်းနဲ့ဖျော်ဖြေနေတုန်း မျက်ရည်ကျခဲ့တာကြောင့် ဝေဖန်မှုတွေမြင့်တက်နေတဲ့ အဆိုတော် လွှမ်းပိုင်

ခပ်မိုက်မိုက် Rap သီချင်းတွေကို သီဆိုဖန်တီးလေ့ရှိပြီး လူငယ်သဘာဝနဲ့ ကိုက်ညီမယ့် လူငယ်အကြိုက် တေးသီချင်းတွေကို ဖန်တီးလေ့ရှိသူ အေးဆေးနေတတ်တာကြောင့် ပရိသတ်ရဲ့ ချစ်ခြင်းကို အပြည့်အဝရရှိထားသူကတော့ အားလုံးကချစ်ရတဲ့ အဆိုတော် လွှမ်းပိုင်ပဲ ဖြစ်ပါတယ်။

အဆိုတော် လွှမ်းပိုင်ဟာ သိပ်မကြာခင် လပိုင်းကတင်ပဲ သူနဲ့(၁၃)နှစ်ကြာအောင် ချစ်ကျွမ်းဝင်လာခဲ့တဲ့ အဆိုတော် Bobby Soxerနဲ့ နှစ်ဦးသဘောတူ အေးချမ်းစွာ လမ်းခွဲပြတ်စဲလိုက်ပြီဖြစ်ကြောင်းကို ပရိသတ်ထံသို့ လူမှုကွန်ယက် စာမျက်နှာမှတဆင့် တရားဝင်ပြောကြားလာခဲ့တာဖြစ်ပြီး အဆိုပါသတင်းဟာ ပရိသတ်တွေရဲ့အသည်းကို ဟက်တက်ခွဲလိုက်တဲ့ သတင်းဖြစ်ခဲ့တာကြောင့် အတော်များများ က စိတ်ဝင်စားခဲ့တဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။

အဲ့သတင်းထွက်ပေါ်လာပြီး နောက်ပိုင်းမှာလည်း နှစ်ဦးစလုံးဟာ ကိုယ့်သက်ဆိုင်ရာ အလုပ်တွေကို အသီးသီးတာဝန်ကျေပွန်စွာ ဆက်လက်လုပ်ဆောင်ခဲ့တာကြောင့် သူတို့နှစ်ဦးရဲ့ ခံစားချက်က ဘယ်လိုဖြစ်နေမလဲဆိုတာကို ပရိသတ်တွေက အတော်လေးစိတ်ဝင်စားနေခဲ့ကြပါတယ်။အဲ့သလို ပရိသတ်စိတ်ဝင်စားနေတဲ့ ကိစ္စတစ်ခုဟာ မထင်မှတ်ဘဲဖြစ်ပေါ်လာခဲ့ပါတယ်။

အဆိုတော်လွှမ်းပိုင်ဟာ သိပ်မကြာခင်ရက်ပိုင်းက ဘားတစ်ခုမှာ သွားရောက်ကာ သီဆိုဖျော်ဖြေခဲ့ပြီး အဆိုပါပွဲမှာ သီဆိုနေတုန်း မျက်ရည်တွေကျဆင်းနေခဲ့တယ်လို့ သိရပါတယ်။လွှမ်းပိုင်က အဲ့သလို ငိုနေခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုဟာ အဆမတန်ဆိုသလို မြင့်တက်နေခဲ့ပါတယ်။(၁၃)နှစ်ကြာချစ်ခဲ့ခြင်းရဲ့ နောက်ကွယ် နှစ်ယောက်စလုံး အမြန်ဆုံး လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*