အသက်(၇၀)ကျော်ထိ ကျန်းမာလန်းဆန်းနေဆဲဖြစ်တဲ့ လူရွှင်တော်ကြီး ဦးချစ်စရာ

အသက်(၇၀)ကျော်ထိ ကျန်းမာလန်းဆန်းနေဆဲဖြစ်တဲ့ လူရွှင်တော်ကြီး ဦးချစ်စရာ

ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ဗီဒီယိုကားတွေထဲမှာ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင် အကောင်းဆုံး သရုပ်ဆောင်ခဲ့တဲ့ လူရွှင်တော်ကြီး ချစ်စရာကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။ဦးချစ်စရာ ကတော့ ဆယ်စုနှစ်တစ်ခုကြာအောင် အနုပညာလောကမှာ ရပ်တည်ခဲ့ပြီးတော့ ပရိသတ်တွေအတွက်ပျော်ရွှင်မှု့ရသတွေကို ပေးစွမ်းခဲ့တဲ့ ဝါရင့်လူရွှင်တော် သရုပ်ဆောင်ကြီးပဲ ဖြစ်ပါတယ်။

ဦးချစ်စရာကတော့ အသက်(၇၃)နှစ်ရှိနေပီဖြစ်ပေမယ့် အခုချိန်ထိ ကျန်းမာလန်းဆန်းနေတယ်လို့ သိရပါတယ်။ဒီကနေ့မှာတော့ အသက်(၇၃)နှစ်ကျော်နေပြီ ဖြစ်တဲ့ ဦးချစ်စရာကို လူရွှင်တော် မိုးစက်ကတော့ သွားရောက်ကန်တော့ခဲ့တာပဲဖြစ်ပါတယ်။

“ထင်မထားဘဲ လာကန်တော့တာဆိုတော့ အရမ်းပျော်တာပေါ့ကွာတဲ့။အသက်၇၃နှစ်ကျော်ပြီဖြစ်ပေမဲ့ ကျန်းမာလန်းဆန်းနေတဲ့ ဦးချစ်စရာကြီးကို ကန်တော့ခွင့်ရတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ပီတိတစ်ခုပေါ့ဗျာ”လို့ မိုးစက်ကရေးသားထားပါတယ်။

ပရိသတ်ကြီးတို့ချစ်ခင်ရတဲ့ လူရွှင်တော်ကြီး ဦးချစ်စရာက အခုထိတိုင်အောင် ကျန်းမာနေတာသိရတဲ့အတွက် ဝမ်းသာကြမယ်လို့ မျှော်လင့်ပါတယ်။အချိန်ပေးဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးတို့ကို ကျေးဇူးတင်ရှိပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*