တရုတ်နှစ်ကူးမှာ နန်းဆုဆီက အန်ပေါင်းရလားလို့မေးလာတဲ့ပရိသတ်ကို G Fattရဲ့အဖြေက…

တရုတ်နှစ်ကူးမှာ နန်းဆုဆီက အန်ပေါင်းရလားလို့မေးလာတဲ့ပရိသတ်ကို G Fattရဲ့အဖြေက…

နန်းဆုနဲ့ G-Fatt တို့စုံတွဲလေးကတော့ တချိန်ကချစ်သူစုံတွဲတွေဖြစ်ခဲ့ကြပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုရရှိထားတဲ့ အဆိုတော်လေးနဲ့ ရွှေမင်းသမီးစုံတွဲ တစ်တွဲလည်း ဖြစ်ပါတယ်။G Fatt နဲ့ နန်းဆုရတီစိုးတို့ကတော့ သဘောထားချင်း မတိုက်ဆိုင်တော့တဲ့အတွက် လမ်းခွဲပြတ်ဆဲလိုက်ကြတာ အချိန်အတော်ကြာခဲ့ပြီဆိုပေမယ့် ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ သူတို့နှစ်ယောက်အကြောင်းကို စနောက်နေကြဆဲပဲဖြစ်ပါတယ်။

ဒါပေမယ့် ပရိသတ်တွေရဲ့စနောက်မှုအပေါ် နန်းဆုကရော G Fatt ကရော အပြစ်မမြင်စိတ်မဆိုးပဲ သူတို့ ရှေ့ဆက်လျှောက်ရမယ့်လမ်းကိုသာ တည့်တည့်မတ်မတ် လျှောက်နေလျက်ရှိတာပဲဖြစ်ပါတယ်။G Fatt နဲ့ နန်းဆုရတီစိုးတို့ကတော့ လမ်းခွဲပြတ်ဆဲလိုက်ခဲ့တာ အတော်ကြာပြီဆိုပေမယ့် ပရိသတ်တွေကတော့ G Fatt တို့ကို ဒီနေ့ဒီအချိန်ထိ စနောက်နေကြဆဲပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ G Fatt က တရုတ်နှစ်သစ်ကူးနဲ့ပတ်သက်ပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမျာ Status တစ်ခုတင်ခဲ့ရာ ပရိသတ်တစ်ယောက်က “မနန်းဆီက အန်ပေါင်းရတာလား နဂါးလေးရ”ဆိုပြီး စနောက်ခဲ့ရာ G Fatt က “မရပါဘူးကွာ ခေါ်မှမခေါ်တော့တာ” ဆိုပြီးတော့ ချစ်စရာကောင်းစွာ တုံ့ပြန်ခဲ့တာကြောင့် ပရိသတ်တွေက သဘောကျနေကြတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့လည်း G Fatt ရဲ့အဖြေကိုကြည့်ပြီး သဘောကျကြလိမ့်မယ်လို့ ထင်ပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*