ပရိသတ်မုန်းတဲ့ နေမင်းတစ်ရာဖြစ်အောင် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရပုံတွေကို ပြောပြလာတဲ့ ရှင်မွေလ
မင်းသားချောလေး ရှင်မွေလကတော့ ယောကျာ်းပီသပြီး လူငယ်ဆန်တဲ့အသွင်အပြင်ကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိသလို သရုပ်ဆောင်ကောင်းမှုကြောင့်လည်း နာမည်ကျော်သူတစ်ယောက်ဖြစ်ပါတယ်။လက်ရှိထုတ်လွှင့်ပြသနေတဲ့ “ကွက်လပ်မရှိ” ဇာတ်လမ်းတွဲမှာလည်း ‘နေမင်းတစ်ရာ’ ဇာတ်ကောင်နဲ့ ပရိသတ်စိတ်ဝင်စားမှုကိုရရှိနေတဲ့ ရှင်မွေလဟာ သူ့ကိုအားပေးကြတဲ့ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့အနုပညာလှုပ်ရှားမှုကို ချပြနေလျက်ရှိတာပဲဖြစ်ပါတယ်။
ပိုးကြာဖြူခင်နဲ့ ရှင်မွေလတို့ကတော့ “ကွက်လပ်မရှိ” ဇာတ်လမ်းတွဲမှာ ဇနီးမောင်နှံအဖြစ် အကောင်းဆုံးသရုပ်ဆောင်ထားပြီး ကျရာဇာတ်ရုပ်အတိုင်း တသွေမတိမ်း လုပ်နိုင်တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံယူရရှိနေကြသူတွေဆိုလည်း မမှားပါဘူး။
အခုအခါမှာဆိုရင်လည်း ရှင်မွေလက “လူမှန်းသူမှန်းမသိတဲ့ ဆေးကြောင်နေတဲ့သူမျိုးဆိုတော့ အရူးကြီးတစ်ယောက်လို လွတ်ထွက်နေတာ ဂေါက်သီးကြီး ကြောင်တောင်တောင်ကြီးဖြစ်အောင် ရိုက်ကာနီးပြီဆိုရင် ဆေးလိပ်ငွေ့တွေရှူ စိတ်တွေရှုပ်အောင် တစ်ခုမဟုတ်တစ်ခု လျှောက်လုပ်
နံရံတွေကိုလက်တွေနဲ့ခေါက် လက်တွေနာလာပြီဆို စိတ်တွေကရှုပ်လာရော အဲ့လိုစိတ်ရှုပ်တဲ့အချိန်မှ ရှိသမျှအားအကုန်သုံးပြီး ရိုက်ရတာ တခန်းလောက်ရိုက်ပြီးပြီဆိုရင် လူက တော်တော်ပင်ပန်းကျန်နေခဲ့တာပါ”ဆိုပြီး ပရိသတ်မုန်းတဲ့ နေမင်းတစ်ရာဇာတ်ရုပ်နဲ့ ပတ်သတ်ပြီး မင်းသားချော ရှင်မွေလက ပြောပြလာခဲ့တာပါ။
Be the first to comment