ခုရက်ပိုင်းမှာ နာမည်ကြီးနေတဲ့ ဆင်နားရွက်(သို့) လိပ်ပြာခွဲစိတ်ခန်းကို ဝင်ရောက်ဖမ်းဆီး
အလှပြင်ဆိုင်အမည်ခံပြီး အမျိုးသမီးအင်္ဂါကို တရားမဝင် ခွဲစိတ်ကုသပေးနေတဲ့ လုပ်ငန်းကို မနေ့က ဇန်နဝါရီလ (၂၁)ရက်နေ့မှာ သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“Bright Star Beauty Clinic” ဆိုတဲ့ အဲ့ဒီလုပ်ငန်းဟာ အမျိုးသမီးလိင်အင်္ဂါတွေကို တရားမဝင် ခွဲစိတ်နေတာဆိုပြီး လူမှုကွန်ရက်မှာ ယခုရက်ပိုင်းအတွင်း ထင်ရှားနေပါတယ်။
အမျိုးသမီးတချို့က သွားရောက်ခွဲစိတ်မှုတွေရှိနေပြီး မနေ့ကတော့ ဒေါပုံ၊ ဗမာအေးရပ်ကွက်၊ အမှတ် ၂၂၈ မှာရှိတဲ့ အဲ့ဒီနေရာကို ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ရင်သား/လိပ်ပြာ ပြုပြင်သည့် ဝန်ဆောင်မှုများနှင့် ဝန်ဆောင်ပေးသူများအား ရှောင်တခင် ဝင်စစ်ဆေးတော့မှာပါ ချစ်ဖရန့်တို့ရေ သဘာဝကို လွန်ဆန်ပြီး အလှအပတွေကို ပြုပြင်မွန်းမံပေးနေတဲ့
ဖြ-တ် ဖေ-ာက် -ချုပ်- ကျဉ်း- ကျယ် ဝန်ဆောင်မှုများနဲ့ အမျိုးသမီးများ၏ Physical ပိုင်းဆိုင်ရာအလှအပဖြစ်တဲ့ ရင်သားအလှပြုပြင်ခြင်းနှင့် ဆီလီကွန်အစားထိုး ဝန်ဆောင်မှုလုပ်ငန်းများအား စစ်ဆေးနေပြီး အရေးယူတော့မှာဖြစ်တယ်လို့ သိရပါတယ်…..
Be the first to comment