လင်မယားချင်း စကားများရာမှ မူးနေတဲ့ခင်ပွန်းက ဇနီးဖြစ်သူကို ရက်ရက်စက်စက်…

လင်မယားချင်း စကားများရာမှ မူးနေတဲ့ခင်ပွန်းက ဇနီးဖြစ်သူကို ရက်ရက်စက်စက်…

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့၊(၁)ရပ်ကွက် အမှတ်၂၅ရုံးလမ်းတွင် ဇန်နဝါရီလ၂၀ ရက်၊ည၁၀နာရီအချိန်က လင်မယားချင်း စကားများရာမှ ခင်ပွန်းက ဇနီးဖြစ်သူကို ဓါးဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“လင်းမယားချင်း စကားများနေကြတာ အတော်ကြာတယ် အဲဒီနောက် ယောက်ျားဖြစ်သူ ထူးထက်အောင်က သူ့မိန်းမမှာ အတက်ရောဂါရှိလို့ သတိလစ်သွားတာပြောပြီး ဆေးရုံသွားပို့တာ၊ ဆေးရုံရောက်တော့ သက်ဆိုင်ရာလူကြီးတွေ ရောက်လာပြီး ‌စစ်ဆေးတဲ့အခါ

မိန်းမဖြစ်သူရဲ့ ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာတွေ့လို့ စစ်ကြည့်တော့မှ သူ့ယောက်ျားဓါးနဲ့ထိုးလိုက်ကြောင်း ပေါ်ပေါက်သွားတာ” ဟု၎င်းရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

လင်မယားနှစ်ဦး စကားများစဉ် မိန်းမဖြစ်သူ ပန်းနုဝေ(ခ) နန်းပန်းနုက သူ့ယောက်ျား ထူးထက်အောင်ရဲ့ ပါးကိုဆင့်ရိုက်ခဲ့လို့ ထူးထက်အောင်က အရက်မူးနေတဲ့အရှိန်နဲ့ ဒေါသထွက်ပြီး အနီးမှာရှိတဲ့ ဓါးနဲ့ထိုးလိုက်တာ ဝဲဘက်နို့အုံအောက် ထိုးသွင်းဒဏ်ရာ(၁)ချက်

ယာဒူးပွန်းပဲဒဏ်ရာတို့ဖြင့် သေဆုံးသွားကြောင်း ထူးထက်အောင်၏ ထွက်ဆိုချက်မှ သိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ထူးထက်အောင်(ခ)အာရဖတ် (၂၈)နှစ်အား မြန်အောင် မြို့မရဲစခန်းမှ (ပ)၆/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ(၃၀၂)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*