ပြဇာတ်ကရင်း လူကြမ်းသရုပ်ဆောင်ဖြစ်လာခဲ့ပုံကို ပြောပြလာခဲ့တဲ့ သရုပ်ဆောင် ဦးကျင်ဝမ်း

ပြဇာတ်ကရင်း လူကြမ်းသရုပ်ဆောင်ဖြစ်လာခဲ့ပုံကို ပြောပြလာခဲ့တဲ့ သရုပ်ဆောင် ဦးကျင်ဝမ်း

ပြဇာတ်ကရင်း မြန်မာ့ရုပ်ရှင်လောကရဲ့ လူကြမ်း၊ဗီလိန် သရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့တဲ့ ဦးကျင်ဝမ်းကိုတော့ အားလုံးပဲမှတ်မိကြအုန်းမှာပါနော်။၁၉၇၇ ခုနှစ်မှာ ငလျင်ရန်ပုံ‌ငွေပွဲအတွက် ကပြတဲ့ပြဇာတ်ပွဲမှာ ရှမ်းတိုင်းရင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ကပြရာကနေ

မင်းသမီးကြီး ဝါဝါဝင်းရွှေက လူပေါင်းများစွာထဲကမှ ဦးကျင်ဝမ်းကို ဇာတ်ကားရိုက်ဖို့ လာရောက်ဆက်သွယ်ရာကနေ ရုပ်ရှင်လောကကထဲကို ရောက်ရှိလာခဲ့တဲ့အချိန်ကနေစပြီး လက်ရှိအချိန်ထိ အနုပညာအလုပ်ကိုပဲ တောက်လျှောက်လုပ်ကိုင်လာခဲ့တာ ၄၄နှစ်သက်တမ်းရှိခဲ့ပါပြီ။

တက္ကသိုလ်တတ်တုန်းက သိုင်းသင်တန်းတတ်ရောက်ခဲ့ဖူးသူဖြစ်တာကြောင့် မင်းသားကြီး ကျော်ဟိန်းနဲ့ “စနေမ”ဇာတ်ကားထဲမှာ သိုင်းသမားဗီလိန် သရုပ်ဆောင်အနေနဲ့ စတင်ပါဝင်ခဲ့ပါတယ်။အဲ့အချိန်ကနေစတင်ပြီး လူကြမ်းသရုပ်ဆောင်၊ဗီလိန်အနေနဲ့ ရုပ်ရှင်၊ဇာတ်ကား‌တွေများစွာမှာ ပါဝင်လာခဲ့ပါတယ်။

လူကြမ်းသရုပ်ဆောင်အနေနဲ့ သရုပ်ဆောင်ရတဲ့ ခံစားချက်တွေကို “လူကြမ်းသရုပ်ဆောင်ဆိုရင် လူတွေက မှိုချိုး မျှစ်ချိုး ပြောကြတယ် အရင်ကဆို လက်ညိုးနဲ့ထိုးပြီး ပက်ပက်စက်စက် ပြောခံရဖူးတယ်။လူကြမ်းတွေကို မမုန်းကြပါနဲ့လို မေတ္တာရပ်ခံချင်ပါတယ်။သရုပ်ဆောင်တာ ပီပြင်လို့ သူတို့မုန်းခဲ့တာပေါ့ဆိုပြီး စိတ်ကိုပြန်ဖြေရတယ် ရုပ်ရှင်ကားကောင်းရင်ပဲ ကျေနပ်တယ် မုန်းချင်သလောက် မုန်းကြပါ‌စေတော့။

အခုဆိုရင် ပရိသတ်တွေက နားလည်သွားကြတော့ အားလုံးကချစ်နေကြပါပြီ၊အဲ့အတွက်လဲ ရှေ့ကမုန်းခဲ့တဲ့လူတွေကို စိတ်မဆိုးနိုင်တော့ပါဘူး”လို့အင်တာဗျူးတစ်ခုမှာ ရင်ဖွင်ခဲ့ပါတယ်။လူကြမ်းသရုပ်ဆောင်ကြီး ဦးကျင်ဝမ်းဟာ ဗီဒီယိုဇာတ်ကားထဲမှာသာ လူကြမ်းကြီးအဖြစ် သရုပ်ဆောင်နေပေမယ့်

ပြင်ပဘဝမှာတော့ စိတ်နေသဘောထား အရမ်းကောင်းတဲ့လွန်းသူဖြစ်လို့ ပရိသတ်အားလုံးက ချစ်ကြပါတယ်။လက်ရှိအချိန်မှာတော့ ပရိသတ်တွေဟာ လူကြမ်းသရုပ်ဆောင်ကြီးတွေရဲ့ ဘဝကိုသိမြင်လာကြပြီး ချစ်ခင်အားပေးလာကြတာကို တွေ့မြင်ရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*