Facebook Cele တစ်ဦးဖြစ်တဲ့ အောင်ချမ်းအေး နေအိမ်သို့ ပြန်လာစဉ် မိနစ်ပိုင်းအတွင်း ဖမ်းဆီးခံရ
အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြရာတွင် ထင်ရှားသူ ကော့ထင်းကျေးရွာမှ ကိုအောင်ချမ်းအေးသည် မနေ့က ဇန်နဝါရီလ(၂၂)ရက်နေ့က ထိုင်းနိုင်ငံမှ အိမ်သို့ပြန်လာစဥ် မိနစ်ပိုင်းအတွင်း သူ့ရဲ့နေအိမ်၌ အဖမ်းခံရကြောင်း ဒေသခံများက ပြောကြားခဲ့ပါတယ်။
ကိုအောင်ချမ်းအေးသည် Facebook cele တစ်ဦးဖြစ်ပြီး အာဏာသိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်ဆန္ဒပြခဲ့သည့်အတွက် စကစမှ ပုဒ်မ ၅၀၅ အထုတ်ခံရထားသူ ဖြစ်သည်။သူသည် တိမ်းရှောင်ကာ ထိုင်းနိုင်ငံသို့ သွား၍ အလုပ်လုပ်နေခဲ့ကြောင်း သိရသည်။
“သူက ဆန္ဒပြတဲ့အချိန်မှာတော့ ပါတယ်။သူ ပုဒ်မ ၅၀၅ အထုတ်ခံရပြီးတော့ ထိုင်းနိုင်ငံကိုသွားပြီး အလုပ်နေတာ။အဲ့နောက်ပိုင်း သူ စီးပွားရေးပဲလုပ်တယ်။
အခု အိမ်ကိုလည်း ပြန်ရောက်ရော ဘယ်က သတင်းရတယ်မသိဘူး မိနစ်ပိုင်းအတွင်း လာဖမ်းသွားကျတယ်”လို့ ရွာခံများမှ ပြောပါတယ်။ကိုအောင်ချမ်းအေးလိုပဲ ကျိုက်ထိုမြို့တွင် ပုဒ်မ၅၀၅ အထုတ်ခံထားရသူများ ထွက်ပြေးတိမ်ရှောင်းနေနေရသူ များစွာရှိပါတယ်။
Be the first to comment