ဆုံလည်ကုလားထိုင်ရဲ့ အရည်အသွေးကို စမ်းကြည့်ရာမှ ဆိုဖာပေါက်ထွက်ပြီး တင်မဆုံမှတဆင့် ဗိုက်ထဲဝင်ကာ…

ဆုံလည်ကုလားထိုင်ရဲ့ အရည်အသွေးကို စမ်းကြည့်ရာမှ ဆိုဖာပေါက်ထွက်ပြီး တင်မဆုံမှတဆင့် ဗိုက်ထဲဝင်ကာ…

အရည်အသွေးမကောင်းတဲ့ တရုတ်ထုတ် Office ChairPiston ပေါက်ကွဲပြီး စတီးချောင်းဟာ တင်ပါးထဲကနေ ဗိုက်ထဲထိ ဖောက်ဝင်

Office Chair Piston ပေါက်ကွဲပြီး စတီးချောင်း တင်ပါးထဲကနေ ဗိုက်ထဲထိ ဖောက်ဝင်တက်တယ်။ဆောင့်ထိုင်ချတာ၊Over weight ကြီးနဲ့ထိုင်တာ၊ပုံမှန်ဝိတ်နဲ့ထိုင်ပေမဲ့ Piston ကိုအဆုံးထိ ထားတာမျိုးကအရည်အသွေးကောင်းတဲ့ အမေရိကန်လုပ် ထိုင်ခုံတွေမှာမဖြစ်ပေမဲ့ တရုတ်လုပ် ထိုင်ခုံတွေမှာတော့ ဖြစ်တယ် ဖြစ်ရင်လည်း သေတာများတယ်။Piston ကို Quality ကောင်းတဲ့ဆီကမဝယ်ပဲ ကိုယ့်ဟာကိုယ် လုပ်တော့ ဈေးသက်သာတယ်။ဒါပေမဲ့ အခန့်မသင့်လျင် ပေါက်ကွဲတက်တယ်။

အရည်အသွေးကောင်းတဲ့ ထိုင်ခုံ ဒေါ်လာ 700 ကျော်တန်တွေကတော့ စတီးပြားအထူကြီးပါလို့ ပေါက်ကွဲခဲ့လျင်တောင် သိပ်စိတ်မပူရဘူး။ ဘာရယ်မဟုတ်ပါဘူး အဲ့သတင်းတွေဖတ်ပြီး ငါတစ်ယောက်ထဲ အခုခုံမှာမထိုင်ရဲတော့လို့ မနက်ဖြန်ရုံးသွားကြမဲ့ သူငယ်ချင်းတွေကို အားပေးတာ။EDIT:(မထင်မှတ်ပဲ ရှဲတာများသွားလို့ အစိုးရိမ်လွန်နေမှာစိုးလို့ပါ)US,Europe,Canada လုပ်ခုံတွေ ရောင်းရချင်လို့ မားတင်းတာမဟုတ်။

ကိုယ်တောင် အဲ့ဟာတွေဖတ်ပြီး တစ်ပတ်လောက် ကော်ခုံနဲ့ထိုင်တာ ခုတော့လည်း ပြန်တော့ တက်ထိုင်နေတာပဲ ဖင်တော့နဲနဲ ကျုံ့တာပေါ့လေ။Piston ဆီကုန်နေလား ပေါက်နေပြီလားလည်း စစ်ရသေး တစ်ကမ္ဘာလုံးမှာ အဲ့လို Cases မျိုးသုံးခုပဲရှိပါတယ်။Case1 ကအသက် (65)နှစ်အရွယ် Chinaက ဦးလေးကြီး သံချောင်းက ကျောကုန်းနဲ့ လက်ကို ဖောက်ပြီး မျက်နှာကျက်မှာသွားစိုက် ဆရာဝန်တွေ ကုပေးလိုက်ရတယ်။Case2က China Shandong က (14)နှစ်အရွယ်ကောင်လေး စအိုထဲ သံချောင်းဝင်သွား ကုမရ၊သွေးလွန်။

Case3က အသက်(24)နှစ် မိန်းကလေး China Fujian ပြည်နယ်က မိန်းမအင်္ဂါ ပျက်စီးသွား ကုလို့ ရမရမသိရ။အဲ့ဒါပဲ ရှိပါတယ်(ထင်တာပဲပေါ့နော်)။အရမ်းလည်း မပူပါနဲ့ Piston ကိုအောက်ဆုံးထိ ဖိမထားနဲ့ပေါ့။ဘောလုံးလိုပဲ တအားညှစ်လျင် ပေါက်ထွက်သွားတယ် ထိုင်ခုံကို မြှင့်ထိုင်ပေါ့။Piston ကို Quality Check မလုပ်ပဲ ဈေးသက်သာအောင် ကိုယ့်ဟာကိုယ် လုပ်ရာကဖြစ်တယ်လို့သိရ။US,EU,CA မှာကျ QC သေချာလုပ်ရတော့ အဲ့ခုံတွေဆိုမဖြစ် ဖြစ်ခဲ့လျင်တောင် တစ်လက်မခွဲထူတဲ့ သံပြားခံထားပေးတော့ မပူရ။မယုံလျင် Youtube မှာရိုက်ရှာကြည့် Office chair exploding လို့။

Be the first to comment

Leave a comment

Your email address will not be published.


*