ဖားပြုပ်က ထမီထဲဝင်ပြီးကိုက်၍ အမျိုးသမီးတစ်ဦး ဖားအဆိပ်တက်ကာ သေဆုံးခဲ့

ဖားပြုပ်က ထမီထဲဝင်ပြီးကိုက်၍ အမျိုးသမီးတစ်ဦး ဖားအဆိပ်တက်ကာ သေဆုံးခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ၊ချောင်းတွင်းကျေးရွာအုပ်စု၊ ရွာမ(၁)တွင်မွန်လွဲ ၃ နာရီခွဲ အချိန်ခန့်က ဖားမြုပ်အကိုက်ခံရ၍အမျိုးသမီးတစ်ဦးသေဆုံးသွားရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖားပြုပ်ကိုက်ခံရ၍သေဆုံးသွားရသည့်ဖြစ်စဉ်ကြောင့်သဆုံးသွားရသူ အမျိုးသမီး၏ အလောင်းကို နေအိမ်တွင် ထားရှိပြီးရပ်ရွာနာရေးအတိုင်း သဂြိုလ်သွားရန်လည်း စီစဉ်ထားပြီးပြီဖြစ်ကြောင်းသိရသည်။

“သူ့ထမီအောက်မှာ အကောင်တစ်ကောင်ရှိတယ်လို့ပြောလို့ ကျွန်တော်က သူ့ထမီကိုလှန်ကြည့်လိုက်တော့ ဖားတစ်ကောင်ထွက်လာတယ်။ခဏနေတော့ တင်ပါးမှာ စပ်ဖျင်းစပ်ဖျင်း ဖြစ်လာတယ်ပြောလို့ ကြည့်လိုက်တော့ သွေးတွေစို့နေပြီး ဖုလုံးနှစ်လုံးထွက်လာသလို အောင့်တယ်အောင့်တယ် ပြောလို့ ညနေ (၄)နာရီမှာ ဖျာပုံပြည်သူ့ဆေးရုံကြီးသို့ဆေးကုသမှုခံယူဖို့တင်လိုက်တယ်။

ဆေးရုံမှာလည်း မြွေဆိပ်ဖြေဆေးသာရှိပြီး ဖားဆိပ်ဖြေဆေးမရှိသေးဘူးလို့ ဆရာမတွေ ပြောပြချက်အရသိရပါတယ်”ဟု ကွယ်လွန်သူအမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ဦးဖြိုးသူရက ပြောသည်။

ဆေးကုသမှခံယူရာမှ ည (၇)နာရီအချိန်ခန့်တွင် ဖားအဆိပ်တက်၍ ေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ဖားပြုပ်ကိုက်ခံခဲ့ရ၍ မသေဆုံးမှီတွင် ရင်ပူခြင်း၊ အော့အန်ခြင်း၊ ခေါင်းမူး၊ မျက်စိပြာ၊ နာခေါင်းအဝမှ အမြှုပ်များထွက်ခြင်းတို့ ရှိခဲ့ကြောင်းလည်း သိရသည်။

Be the first to comment

Leave a comment

Your email address will not be published.


*