ခက်ခဲကြမ်းတမ်းလွန်းတဲ့ ဘဝကို မခံနိုင်တော့တဲ့အဆုံး ဘဝကိုအရှုံးပေးသွားခဲ့တဲ့ မလေးရှားရောက် မြန်မာလူငယ်လေး
မလေးရှားနိုင်ငံမှာ မြန်မာတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(မလေးရှား)ရဲ့ ပြောဆိုချက်များအရ သိရပါတယ်။
မလေးရှားနိုင်ငံ ဘန်တင်းနေ အသက်(၂၈)နှစ်အရွယ်ရှိ မောင်ဆန်းမိုးအောင်သည် ကြိုးဆွဲချပြီး သေဆုံးသွားခဲ့တယ်လို့ နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့(မလေးရှား)က ဇန်နဝါရီလ(၂၁)ရက်နေ့မှာ ဖော်ပြထားတာဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ ကြိုးဆွဲချပြီးသေဆုံးသွားခဲ့တဲ့ မောင်ဆန်းမိုးအောင် အသက်(၂၈)နှစ်သည် မကွေးတိုင်း၊မြို့သစ်မြို့နယ်၊တပ်ကုန်းကျေးရွာအုပ်စုရှိ၊ကြို့ကျောင်းကုန်းကျေးရွာကဖြစ်တယ်လို့ ဆိုပါတယ်။
ကွယ်လွန်သူ မိသားစုနဲ့ မိတ်ဆွေများမှ အကူအညီတောင်းခံမှုကြောင့် နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့(မလေးရှား)က ဇန်နဝါရီလ (၂၁)ရက်နေ့ နေ့လည်(၁)နာရီအချိန်မှာ ကဘန်းသုဿန်သို့ ပို့ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
Be the first to comment