မီးသဂြိုဟ်ပြီးခဲ့ပေမဲ့လည်း (၇)လအကြာမှာ အိမ်ပြန်ရောက်လာခဲ့လို့ မိသားစုဝင်များ ထိတ်လန့်ခဲ့ရတဲ့ အမျိုးသားရဲ့အဖြစ်

မီးသဂြိုဟ်ပြီးခဲ့ပေမဲ့လည်း (၇)လအကြာမှာ အိမ်ပြန်ရောက်လာခဲ့လို့ မိသားစုဝင်များ ထိတ်လန့်ခဲ့ရတဲ့ အမျိုးသားရဲ့အဖြစ်

ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးရဲ့ အိမ်ပြန်ခရီးဟာ ထင်ထားသလို ပျော်ရွှင်စရာမကောင်းခဲ့ပါဘူး။အကြောင်းကတော့ လွန်းခဲ့တဲ့(7)လခန့်က Sakorm Sacheewa အမည်ရှိတဲ့ အမျိုးသားဟာ သူအလုပ်လုပ်ကိုင်နေတဲ့ ငါးဖမ်းသဘောပေါ်မှာ ရောဂါတစ်ခုနဲ့ သေဆုံးသွားခဲ့လို့ ရဲအရာရှိတွေက အဆိုပါအလောင်းကို နေရပ်သို့ပြန်ပို့ခဲ့လို့ပါပဲ။

Sakorm ရဲ့ညီဖြစ်သူကတော့ အဆိုပါရုပ်အလောင်းက Sakorm မဟုတ်မှန်း သတိထားမိခဲ့ပါတယ်။အကြောင်းကတော့ Sakorm ဟာရှေ့သွားနှစ်ချောင်း မရှိပေမဲ့ ရုပ်အလောင်းကတော့ ရှေ့သွားနှစ်ချောင်းရှိနေခဲ့လို့ပါပဲ။ရက်အနည်းငယ်အကြာမှာတော့ ဆေးရုံက အဆိုပါရုပ်အလောင်းဟာ Sakorm ဖြစ်တယ်လို့ အတည်ပြုခဲ့လို့ မိသားစုဝင်တွေကလည်း ရွေးချယ်စရာမရှိတဲ့အဆုံး Sakorm လို့သတ်မှတ်ပြီး သဂြိုဟ်ခဲ့ကြတာပါ။

Sakorm မှာလည်း ငါးဖမ်းသဘောပေါ် သွားရောက်လုပ်ကိုင်ခဲ့တဲ့ (2)နှစ်လုံးလုံးမှာ နေအိမ်ကိုလုံးဝအဆက်အသွယ် မပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။Sakorm နေအိမ်သို့ ရောက်ရှိလာခဲ့ချိန်မှာတော့ သူ့ရဲ့မောင်နှမတွေက သရဲ ဟုတ်/မဟုတ် Sakorm ရဲ့အသားကို ထိကြည့်ပြီး အတည်ပြုခဲ့ပါတယ်။မိခင်ဖြစ်သူကတောင် “နင် သေပြီးသွားပြီလေ ဘာလို့ ပြန်လာတာလဲဆိုပြီး မေးခဲ့ပါသေးတယ်။ရွာသူကြီးကိုယ်တိုင်က Sakorm ဖြစ်ကြောင်း သက်သေပြခိုင်းခဲ့ပါတယ်။

ဒါကြောင့် Sakorm ဟာသူငါးဖမ်းသဘောပေါ်မှာ အလုပ်လုပ်ကိုင်ခဲ့စဉ်အချိန်က နိုင်ငံခြားအလုပ်သမားတစ်ဦးဟာ သူ့ရဲ့ မှတ်ပုံတင်ကို ခိုးယူသွားခဲ့ကြောင်း အဖြစ်အပျက်အကြောင်းအရာ တွေကို သေချာရှင်းပြခဲ့ရပါတယ်။နောက်ဆုံးမှ လူအများက ယုံကြည်သွားခဲ့လို့ Sakorm ရဲ့ အိမ်ပြန်ခရီးက ကြိုဆိုမဲ့သူမရှိခဲ့ဘဲ လူတွေကြောက်လန့်ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်နေခဲ့ပါတော့တယ် ။

Be the first to comment

Leave a comment

Your email address will not be published.


*