ကင်းမြီးကောက်၊ကင်းခြေများ ကိုက်ခံရလျှင် အမြန်ဆုံးနှင့်အလွယ်ဆုံး အဆိပ်ဖြေနည်းများ

ကင်းမြီးကောက်၊ကင်းခြေများ ကိုက်ခံရလျှင် အမြန်ဆုံးနှင့်အလွယ်ဆုံး အဆိပ်ဖြေနည်းများ

၁။ကင်းခြေများ မတော်တဆ ကိုက်ခံရပါက သင်္ဘောသီးအစိမ်းအခွံမှ အစေးကို ကိုက်ခံရသော နေရာတွင်လိမ်းပေးခြင်းဖြင့် အဆိပ်ချက်ချင်း ပြေနိုင်ပါတယ်။၂။ကင်းမြှီးကောက် ကိုက်ခံရပါက သံပုရာသီးအရည်နှင့် အချိုမှုန့် သမအောင်ရောစပ်၍ ရသောအရည်ဖြင့် ကိုက်ခံရသော နေရာအား လိမ်းပေးပါက (၁ဝ)မိနစ်အတွင်း အဆိပ်ပြေနိုင်သည်။

၃။ကြက်သွန်နီ (၃)လုံးကို မီးဖုတ်ပါ မီးဖုတ်ပြီးသော ကြက်သွန်နီကို ထောင်း၍ အရည်ညစ်ယူပါ။ကြက်သွန် မီးဖုတ်အရည်ကို အကိုက်ခံရသည့်နေရာကို လိမ်းပေးပြီး အဖတ်များကိုလည်း အနာပေါ်ကိုအုံ၍ အဝတ်ဖြင့် စည်းထားပါ အဆိပ်ပြေလိမ့်မည်။၄။မန်ကျည်းသီး အစေ့ကို သွေး၍ အရည်ကို အနာပေါ်လိမ်းပေးပါ အဆိပ်ပြေပါ လိမ့်မည်။

ကင်းမြီးကောက်ကို အလွယ်တကူ သိမြင်နိုင်သော်လည်း အချို့မှာ ကင်းခြေများနှင့် ရထားကောင်တို့ကို ဆင်တူနေသဖြင့် မှားယွင်းတတ်ကြပါသည်။သိသူများကတော့ အလွယ်တကူ ခွဲခြားနိုင်သော်လည်း မသိသူများမှတ်သားရန်မှာ လူကို အန္တရာယ်မပေးတတ်သော ရထားကောင်မှာ နှေးကွေးလေးလံစွာ သွားသည့်အကောင်မျိုးဖြစ်၍ ကင်းခြေများမှာတော့ သင်ဖမ်းမမီအောင် အသွားမြန်သည့် သတ္တဝါမျိုးဖြစ်ပါသည်။

ရထားကောင်က ခန္ဓာကိုယ်လုံးပြီး၊ ကင်းခြေများကတော့ ပြားသောခန္ဓာကိုယ် ရှိပါသည်။ကင်းခြေများနှင့် ကင်းမြီးကောက်ကတော့ အဆိပ်ရှိသတ္တဝါဖြစ်ပြီး မလွဲမရှောင်သာ တိုးမိ၍သော်လည်းကောင်း တက်နင်းမိ၍သော်လည်းကောင်း အကိုက်ခံရပါက အဆိပ်တက်နိုင်ပါသဖြင့် ထိုသတ္တဝါများကို ခွဲခြားသိမြင် ရှောင်ရှားနိုင်ကြပါစေ။

Be the first to comment

Leave a comment

Your email address will not be published.


*